Saturday, November 15, 2008

Sorry for my absence

ပျက်ကွက်မှုများအတွက်တောင်းပန်ခြင်း....
ပထမဆုံးတောင်းပန်ဖို့ကတော့ ပို့စ်အသစ်များနှောင့်နှေးနေခြင်းပါ
Nov 8 နေ့သွားဖြစ်တဲ့ HongKong Trip အတွက် ပြင်ဆင်နေရလို့ ပို့စ်တင်ဖို့အတွက် စိတ်မအားလို့ပါ..

ဒုတိယကတော့ ကိုသစ်ဆင်းမေးတဲ့ မေးခွန်းပါ..
မူရင်းက.. - Easy is to think bad of others
- Difficult is to give them the benefit of the doubt... ဖြစ်ပါတယ်..
နော် ဘာသာပြန်တာညံ့တော့ တည့်တည့်ကိုလွဲသွားတာနေမှာပါ..
တခြားသူတယောက်ရဲ့ အဆိုးကိုတွေးဖို့ သူတစ်ပါးမကောင်းကြောင်းပြောဖို့လွယ်သလောက်
တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးဖို့ ပြောပြပေးဖို့ ခက်တယ်လို့ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်..
တတ်သလောက်မှတ်သလောက်နားလည်တာကတော့ အဲ့လောက်ပါပဲနော်..

တတိယကတော့ HongKong Trip အတွေ့အကြုံများနဲ့ ဓါတ်ပုံများတင်တာနောက်ကျခြင်းအတွက်..

နောက်ဆုံးအနေနဲ့ကတော့ သူငယ်ချင်းများရဲ့ ပို့စ်တွေမှာ comment ပေးဖို့ပျက်ကွက်မှုများအတွက်
ကဲပျက်ကွက်မှုအကုန်လုံးအတွက်တောင်းပန်ပါတယ်နော်.. ဆီထမင်းကြွေးထားတယ်.. စိတ်ဆိုးကြနဲ့နော် .. :)



စားသွားနော်..

ပျက်ကွက်မှုများအတွက် တောင်းပန်တဲ့အနေနဲ့ ဆီထမင်း ကြွေးတယ်နော်..
ဆီထမင်းကို ငါးခြောက်ကြော်လေးရယ် ပဲပြုတ်လေးရယ် ဆီချက်လေးရယ်နဲ့ ပြင်ပေးထားတယ်
ပဲမများသူတွေအတွက် ပဲများအောင် ပန်းကန်သပ်သပ်ထည့်ပေးထားတယ် .. ပဲများချင်သူများအတွက် :P





Monday, October 27, 2008

Sometime

စိတ်..လေ..လွင့်...သော......ချိန်...များ...

တခါတလေပေါ့ စိတ်ထဲမှာတင်းကျပ်တာတွေ လေးကန်နေတာတွေများများလာတယ်.. အိမ်ကိုပြန် မေမေ့ နားမှာနေ မေမေ့ပေါင်ပေါ်ကိုခေါင်းတင်ပြီး သမီးစိတ်ညစ်တာတွေပြောပြချင်လိုက်တာ.. မိဘအသိုင်းအ၀ိုင်းကြားမှာ မနေရပေမယ့် ဘေးနားကသူငယ်ချင်းတွေကြောင့် စိတ်သက်သာရာရပေမယ်.. တခါတလေတော့လဲ....
ကိုယ့်ကိုကိုယ်ပြန်မတ်.. ကိုယ့်စိတ်ကို ကိုယ်ပြန်ဆုံးမ.. အရာရာကိုမေ့နိုင်အောင်ကြိုးစား.. ခံစားမှုနောက်ကိုမလိုက်ဖို့.. အချိန်တွေအများကြီးလိုသေးတယ်...

Sunday, October 19, 2008

Real lifestyle in Singapore

မေးလ်ကတဆင့်ရတဲ့ စကာင်္ပူရဲ့ lifestyle ပါ။ အမှန်တရားတွေမို့ ပန်းကန်ပြားနဲ့ ဖုံးကွယ်မထားပဲ ဘလော့မှဝေမျှထားလိုက်ပါတယ်..
This is the real lifestyle in Singapore.



In Singapore, the majority of us live in Highly Dangerous Buildings ( HDB), And most people have already got used to Paying and Paying (PAP).

Not only do you have to pay, you Pay Until Bankrupt(PUB).

If that's not enough, somebody still Purposely Wants to Dig(PWD )and get more from you.

So what more can you do when you are in the Money Only Environment ( MOE )?

With the current Mad Accounting System(MAS), you are forced to Pay the Sum Ahead(PSA),Which will leave some people Permanently Owing Some Banks(POSB ).

And forced to live on the Loan Techniques Always( LTA) system.When you fall sick and happen to be admitted to a Money Operating Hospital( MOH),

You might be able to use your Cash Prior to Funeral(CPF )fund.

If you are out of luck, you may meet doctors who Never Use Heart (NUH )to treat you,And you will be Sure to Give up Hope( SGH).

To help ease the traffic, motorists have to pay Cash On Expressway(COE ).

If that doesn't help, they can always Eternally Raise Prices (ERP )on the roads.

If you don't own a car, you can always make a Mad Rush to the Train ( MRT),OR get squashed in a bus Side By Side(SBS).

Lastly, under all these pressures, there are not many places we can relax, not even the good old place we used to go because it has become So Expensive and Nothing To See Actually (SENTOSA)!!!

EASY VS. DIFFICULT

တတ်သလောက် မှတ်သလောက်လေးတွေ ရေးကြည့်တာပေါ့နော်.. အမှားပါရင်လဲခွင့်လွှတ်ပါလို့..
လောကမှာ ခက်ခဲတဲ့ အရာနဲ့ လွယ်ကူတဲ့အရာက အမြဲတမ်းဒွန်တွဲနေတာပါ.. ကဲကြည့်ရအောင် ဘယ်လိုလေးတွေလဲဆိုတာ..


တခြားသူတစ်ယောက်ရဲ့ အမှားကို အကဲဖြတ်ဖို့လွယ်ကူတယ်။
ကိုယ့်အမှားကိုသိကြောင်းပြောဖို့တော့ခက်ခဲပါတယ်။

အကြောင်းအရာတွေကို မစဉ်းစားပဲပြောဆိုဖို့ လွယ်ကူပါတယ်။
မပြောဆိုမိအောင် ရှောင်ကြဉ်ထိန်းသိမ်းဖို့ခက်ခဲပါတယ်

ကိုယ့်ကိုချစ်ခင်သူတွေကို နာကျင်စေဖို့ လွယ်ကူပါတယ်
ဒဏ်ရာတွေကို ကုသပေးဖို့တော့ခက်ခဲပါတယ်။

ခွင့်လွှတ်ဖို့လွယ်ကူပေမယ့်
ခွင့်လွှတ်ပါလို့ပြောဖို့ခက်ခဲပါတယ်။

စည်းကမ်းတွေကိုချမှတ်ဖို့ လွယ်ကူပေမယ့်
အဲ့ဒီစည်းကမ်းတွေကို လိုက်နာဖို့ခက်ခဲပါတယ်။

ညစဉ်ညတိုင်း အိမ်မက် မက်ဖို့လွယ်ကူပေမယ့်
အိမ်မက်တွေကို တိုက်ထုတ်ဖို့ ခက်ခဲပါတယ်။

အောင်မြင်မှုကိုပြသဖို့လွယ်ကူပေမယ့်
ရှုံးနိမ့်ခြင်းကို သိက္ခာရှိရှိ တာဝန်ယူဖို့ ခက်ခဲပါတယ်။

ပြည့်နေတဲ့လကို ချီးမွမ်းပြောဆိုဖို့လွယ်ကူပါတယ်..
တခြားအရာတွေကိုတော့ မြင်နိုင်ဖို့ခက်ခဲပါတယ်
(ကိုယ့်ထက်ပြည့်ဝသူတွေကိုမြင်နိုင်ပြီး ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို မြင်ဖို့ခက်ခဲပါတယ်)

လဲကျဖို့အတွက်လွယ်ကူပေမယ့်
ပြန်လည်ထူထောင်ဖို့အတွက်ခက်ခဲပါတယ်

နေ့တိုင်းပျော်ရွှင်ဖို့လွယ်ကူပေမယ့်
စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်ဖို့ခက်ခဲပါတယ်

ကတိပေးဖို့လွယ်ကူပေမယ့်
ကတိတည်အောင်စောင့်ထိန်းနိုင်ဖို့ခက်ခဲပါတယ်

အချစ်အကြောင်းပြောဖို့လွယ်ကူပေမယ့်
ကိုယ်ချစ်ကြောင်းပြသဖို့ခက်ခဲပါတယ်

တခြားသူတွေကိုအပြစ်ရှာဖို့လွယ်ကူပေမယ့်
မိမိကိုယ်ကို တိုးတက်အောင်လုပ်ဖို့ခက်ခဲပါတယ်။

အမှားလုပ်မိဖို့လွယ်ကူပေမယ့်
အမှားတွေကနေသင်ယူတတ်ဖို့ခက်ခဲပါတယ်

ဆုံးရှုံးသွားတဲ့အချစ်အတွက်ငိုကြွေးဖို့လွယ်ကူပေမယ့်
ဆုံးရှုံးမှုမရှိအောင် ဂရုစိုက်ဖို့တော့ခက်ခဲပါတယ်

တိုးတက်မှုအတွက်စဉ်းစားဖို့လွယ်ကူပေမယ့်
တွေးတောမှုကိုရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ခက်ခဲပါတယ်

တခြားသူတယောက်ရဲ့ အဆိုးကိုတွေးဖို့လွယ်ကူပေမယ့်
သံသယ၏ အကျိုးခံစားခွင့်ပေးဖို့ခက်ခဲပါတယ်။

ရယူဖို့လွယ်ကူပေမယ့်
ပေးဆပ်ဖို့ခက်ခဲပါတယ်

ဒီစာတွေကိုဖတ်ဖို့လွယ်ကူပေမယ့်
လိုက်နာဖို့ခက်ခဲပါတယ်

ခင်မင်မှုကိုစကားလုံးတွေနဲ့ပြသဖို့လွယ်ကူပေမယ့်
အဓိပ္ပါယ်ပြည့်ဝတဲ့ ခင်မင်မှုဖြစ်အောင်ထိန်းသိမ်းထားဖို့တော့ခက်ခဲပါတယ်

မူရင်းကတော့ ဒီမှာ ပါ

Sunday, July 27, 2008

ချစ်စရာ့ပန်ဒါ....

The earthquake was right in the area where giant pandas live. Most pandas are protected well, especially those babies, even if they were scared a lot.

Right after earthquake. They rushed out and some stayed together.


People are rescuing pandas.

Giving them milk-



After meal

Look at this baby!

Look at these babies!

Stay here maybe safer...

Here is safe!

I don't want a shot!





You scared me!





Wednesday, March 26, 2008

အချစ်ဆုံးကောင်မလေးသို့ ...

နာမည်က.. ချမ်ချမ် (Chan Chan ) တဲ့
အရမ်းကိုပဲများတဲ့ကောင်မလေးပေါ့.. အလှအပကလဲကြိုက်တတ်သေးတယ်လေ..
စိတ်လဲကောက်တတ်သေးတယ်.. ကိုယ်သူ့အနားကနေ တခြားနေရာကိုသွားမယ်ဆိုတာသိတော့ အဲ့နေ့ကသူ့ကိုခေါ်လို့မရဘူး..စိတ်ကောက်ပြီး ကိုယ့်အနားကိုမလာဘူး.. သူ့ကိုကြည့်ပြီးကိုယ်ငိုချင်လာတယ်.. ခွင့်လွှတ်ပါချမ်ချမ်ရယ်...
အခုတော့ မေမေ က ပြောတယ်.. သမီးရဲ့ ချမ်ချမ်က အဖော်လေးတွေရနေတော့ သမီးကိုမေ့နေပြီတဲ့ ဟုတ်မှာပါ.. ချမ်ချမ့်ရဲ့အဖော်လေးတွေကို ဓါတ်ပုံကလွဲပြီး ကိုယ်မမြင်ဖူးသေးဘူး..
ချမ်ချမ်ရယ်... လွမ်းလိုက်တာ...