Thursday, August 26, 2010

မွေးနေ့လက်ဆောင်...

ဒီနေ့ကတော့ ဘလော့ပိုင်ရှင်ရဲ့မွေးနေ့ပါ... ( ဟိ .. မသိမှားစိုးလို့ ကိုယ့်ဘာသာကိုယ်ပြန်ကြော်ငြာတာ ) ကိုယ့်မွေးနေ့ဆိုတော့လဲ မှတ်မှတ်ရရရှိအောင်ဆိုပြီး ပို့စ်တင်မယ်ဆိုပြိး အားခဲသော်ငြားလဲ ရွှေဥာဏ်တော်က မထွက်လာပါဘူး.. မွေးနေ့အမှီဘာကဗျာမှလဲမရေးဖြစ်ပါဘူး.. ဖြူ မရေးဖြစ်ပေမယ့် .. အချစ်ဆုံးသူငယ်ချင်း လေးညှို့ရှင်ကတော့ ဖြူ့အတွက်မွေးနေ့လက်ဆောင် ကဗျာလေးပို့ပေးပါတယ်.. သူငယ်ချင်းရေးပေးတဲ့ ကဗျာနဲ့ သူငယ်ချင်းလုပ်ပေးတဲ့ပုံနဲ့ မူရင်းအတိုင်း ပြန်လည်ဖောက်သည်ချပြီးတော့ မွေးနေ့အမှတ်တရပို့စ်တင်လိုက်ပါတယ်....
အမှတ်တရလက်ဆောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းရေ...... မွ...စ်

Wednesday, August 25, 2010

For my lovely ....

တနေ့က ဂျီတော့မှာ ချစ်သောအနော်နဲ့ဆုံတော့ အနော်ကပြောတယ် အပျင်းလေး စာလဲမရေးဘူးတဲ့။ အဲ့တော့ ဖြူကလဲအားကြမခံ ပြန်ပြောလိုက်ပါတယ် မရေးတတ်ဘူးလို့.. တကယ်ရေးရင်လဲ ပေါက်ကရတွေပဲထွက်လာမှာလေ ကိုယ့်အကြောင်းကိုယ်သိလို့ရေးဖြစ်ဘူး။ biggrin စာမရေးတော့ တခြားကိုယ်တင်နေကြ ပေါက်ကရလေးတွေ မှန်မှန်တင်ဖြစ်လားဆိုတော့လဲ ဟဲဟဲ တင်ဖြစ်ပြန်ဘူး။ ဟုတ်တယ် ဘလော့စလုပ်မိတဲ့အချိန်ကစလို့ အခုချိန်ထိ ဟုတ်တိပတ်တိစာမရေးဖူးဘူး၊ ပို့စ်ကိုလဲမှန်မှန်မတင်ဖြစ်ဘူး။ တခြားဘလော့ဂါတွေလို ဗဟုသုတရမယ့် ဘလော့တစ်ခုလဲမဟုတ်ခဲ့ပြန်ဘူး။ ကိုယ့်ကိုကိုယ်တော့အားငယ်သား lol ဒါပေမယ့် ဒီနေ့တော့ အမှတ်တရနေ့တစ်နေ့မို့ အားတင်းရေးကြည့်ဦးမှပါ ဆိုပြီး ကြိုးစားရေးကြည့်မယ်နော်။
ဘယ်ကစရေးရမလဲဆိုတော့ ဖြူ စကာင်္ပူကို စရောက်ခါစ အချိန်ကစရေးမယ်။ ဖြူ ရောက်ရောက်ချင်း နေတဲ့အိမ်က တော်တော်ကျယ်ပါတယ်။ တအိမ်လုံး သူငယ်ချင်းတွေပဲစုနေတော့ ပျော်စရာလဲကောင်းပါတယ်။ အခန်း၃ခန်းရှိတဲ့ အိမ်မှာ နဲနဲပိုကျယ်တဲ့ common room မှာ သူငယ်ချင်း၅ယောက် မွေ့ယာတွေခင်းပြီး ပူးကပ်အိပ်ခဲ့ကြတယ်။ စစရောက်ချင်းမှာ ၄ယောက်ပေမယ့် ဖြူနဲ့တပါတ်ခြားပြီး လူကောင်ထွားထွားသေးသေး၊ အရပ်ကပုပုရှည်ရှည်၊ အသားကအဖြူblack ကာလာနဲ့ အမတစ်ယောက် ရောက်လာတယ်လေ။ ထူးဆန်းတာတစ်ခုက မွေးနေ့၊လနဲ့ခုနှစ်ကို သေချာတွက်ရင် အမက ဖြူ့ထက် တစ်နှစ်တိတိကြီးပါတယ်။ မွေးလတူ၊ Zodiac sign "virgo" လဲတူတော့ စရိုက်ကလဲ တချို့တ၀က်နဲ့ အကုန်နီးပါးတူပါတယ်။ razz မတည့်အတူနေပါ။ တခါမှရန်မဖြစ်ဖူးပါဘူး။ ဖြူကခဏခဏတော့ စိတ်ကောက်ပါတယ်။ အမက ခဏခဏချော့ရပါတယ်။ ဖြူအမှားလုပ်မိရင်လဲ အမစိတ်မပြေမချင်း ကပ်ပြီးချွဲတတ်ပါတယ်။ အဲ့လိုအချိန်ဆို ချစ်သောအမက အမြဲပြောတတ်ပါတယ်.. လူလည်မ၊ ကြမ်းပိုးမတဲ့ အခုနောက်ပိုင်း စကားလုံးတစ်လုံးထပ်တိုးလာပါတယ် ဘာတဲ့ ပန်ကာမတဲ့။ အိမ်နဲ့ဝေး၊ မိသားစုနဲ့ဝေးပေမယ့် မိသားစုနွေးထွေးမှု အပြည့်ပေးတဲ့ အမကို အမြဲကျေးဇူးတင်ပါတယ်။ ဖြူစိတ်ညစ်တိုင်း၊ ၀မ်းနည်းတိုင်း တိုင်ပင်စရာ၊ ရင်ဖွင့်စရာ ဖြူ့ရဲ့အမအရင်းတစ်ယောက်လိုပါပဲ။ ကျောင်းပြီးလို့ အိမ်တော်ပြန်သွားတဲ့ သူငယ်ချင်းတွေနဲ့၊ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းတဲ့ သူငယ်ချင်းတွေနဲ့ဆိုတော့ အခု အမနဲ့ဖြူနဲ့ နှစ်ယောက်ပဲကျန်ခဲ့တော့တယ်။ စကာင်္ပူကိုရောက်ပြီး မကောက်ပဲရခဲ့တဲ့ အဲ့လိုချစ်စရာကောင်းတဲ့ အမရဲ့ မွေးနေ့ကဒီနေ့ပါ။ ချစ်သောအမတစ်ယောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။ လိုအပ်သော ဆန္ဒများ၊ လိုချင်တောင့်တသော အရာများ၊ ဖြစ်ချင်သည့်အကြောင်းအရာများ အားလုံးလဲ တောင့်တလိုက်တိုင်းမှာ ချက်ချင်းလက်ငင်းပြည့်ဝပါစေ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..... ချစ်မ ... မွ...စ်



Saturday, August 14, 2010

Dream ...

တိတ်တိတ်လေးပါပဲ..
အရိပ်မဲ့တိမ်တွေကြားမှာ

ခပ်ပါးပါးလေးလွင့်မျောလိုက်တယ်...


ရိုးရိုးလေးပါပဲ....

လေနှင်ရာအတိုင်းရွက်ကုန်ကိုဖွင့်

ခပ်စပ်စပ်လေး ခရီးနှင်ကြည့်လိုက်တယ်...


ဖြည်းဖြည်းလေးပါပဲ...

အရာအားလုံးကိုကျောခိုင်းလို့

ငါ့မျှော်လင့်ခြင်းတွေကို မေ့ပြစ်လိုက်တယ်...


ခဏလေးပါပဲ...

အေးချမ်းတဲ့ လေပြေလေညှင်းလေးနဲ့

ကြည်ကြည်နူးနူး ငါပျော်မြူးမိတယ်...


တိုးတိုးလေးပါပဲ...

ချစ်ခင်နူးညံ့မှုအပြည့်နဲ့

အသံလေးတစ်ခုငါကြားလိုက်တယ်...


ရေးရေးလေးပါပဲ...

ကြင်နာခြင်းအပြည့်နဲ့

နွေးထွေးတဲ့ လက်အစုံကကမ်းလင့်နေတယ်...


ပြုံးပြုံးလေးပါပဲ...

ရည်ရွယ်ရာကိုလျှောက်လှမ်းဖို့

အဖြေတစ်ခုကအသင့်ရှိနေတယ်...

*** ဖြူ ***

Saturday, July 3, 2010

That's called .... !




Nothing special. just a write something after i listened "Shayne Ward - No Promises"

Sunday, June 13, 2010

အခန်းငယ်လေး

ဒီနေ့ တနင်္ဂနွေနေတဲ့ မြန်လိုက်တာရက်တွေ အချိန်တွေက မနက်ဖြန်ဆို ရုံးတက်ရတော့မယ် မနက်စောစော မထချင်ထချင်နဲ့ ထပြီး အိပ်ချင်မူးတူးနဲ့ ရုံးကိုသွားရဦးမယ်။ တစ်ပါတ်မှာ ၂ရက်သာချမ်းသာတဲ့ holidays ရဲ့ နောက်ဆုံးညကို ချစ်သောအမတော်နဲ့ ကော်ဖီပါတီလေး ကျင်းပလိုက်သေးတယ်။ ကော်ဖီဆိုင်ကအပြန် အမြဲတမ်းပိတ်ထားမိတဲ့ ကိုယ့်အခန်းလေးကို ၀င်ဖြစ်တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုလျှက်ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ပထမအခန်းငယ်လေးကို စွန့်ခွာပြီး ကိုယ့်အတွက် အသစ်ပြန်လည် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ဒုတိယမြောက် အခန်းငယ်လေးက ကိုယ့်အတွက်တော့ ပျော်ရွှင်ချိန်တိုင်း၊ ၀မ်းနည်းချိန်တိုင်းမှာ နားခိုရာ အခန်းလေးတစ်ခန်းပါပဲ။ ၀မ်းနည်းချိန်တိုင်းမှာ အခန်းငယ်လေးထဲမှာပဲနေပြီး ကိုယ့်ဝမ်းနည်းခြင်းတွေကို ပြောပြမယ်။ ကိုယ်ပျော်ရွှင်ချိန်တိုင်းမှာလဲ ကိုယ့်အခန်းငယ်လေးမှာ ပျော်ရွှင်ခြင်းတွေကို ဝေမျှမယ်။ ဘာလိုလိုနဲ့ ကိုယ့်ရဲ့ ဒုတိယမြောက် အခန်းငယ်လေးကို ပြန်လည်တည်ဆောက်ထားတာ ၂နှစ်တောင်ကျော်လာခဲ့ပြီ။

ခွင့်လွှတ်ပါ အခန်းလေးရယ် ကိုယ်အမြဲတမ်းလိုလို တံခါးမဖွင့်မိပဲ အခန်းအပြင်ကနေပဲ ရပ်ကြည့်ပြီး ပြန်လာခဲ့ပေါင်းများပြီ။ ကိုယ့်ရဲ့အိမ်နီးနားချင်း
ကိုယ့်သူငယ်ချင်း အခန်းလေးတွေမှာရော အချိန်မှန်မှန် ကိုယ်မရောက်ဖြစ်ပေမယ့် ကိုယ့်သူငယ်ချင်းတွေက ပုံမှန်လည်ပတ်နေကြ၊ ပုံမှန်ချီတက်နေကြတာပဲ။ ကိုယ့်အခန်းရဲ့ စာတိုက်ပုံးလေးမှာရော ဘယ်သူတွေများစာထည့်သွားသလဲ။ ကိုယ့်အခန်းငယ်လေးထဲကို မ၀င်ဖြစ်ပေမယ့် စာတိုက်ပုံးလေးကိုတော့ အမြဲတမ်းဖွင့်ကြည့်မိတယ်။ ဒီနေ့ ကိုယ့်အခန်းလေးကို ရောက်တော့ ကြော်ငြာစာလေးတစ်ခုကပ်လို့။ ဒါနဲ့ပဲ ကိုယ့်အခန်းလေးကိုဝင် ကြော်ငြာထားတဲ့အတိုင်း ကိုယ့်အခန်းလေးကို ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းရဲ့ ဆေးရောင်လေးတွေကို အသစ်ပြန်သုတ်လို့ အခန်းအထားအသိုလေးတွေ ပြန်ပြောင်းလို့ ပြင်ဆင်ကြည့်မိတယ်။ ကိုယ့်အခန်းလေး ပိုလှသွားသလား မလှသလားတော့ မသိဘူး ကိုယ့်အတွက်တော့ အခန်းလေးကို ပြန်လည်မွမ်းမံရလို့ ပျော်ရွှင်စွာနဲ့ မနက်ဖြန်ဆိုတဲ့ အချိန်တွေကိုတောင်မေ့လို့။ ဘာလိုလိုနဲ့ တနင်္ဂနွေ့ကို ကျော်ဖြတ်လို့ တနလာင်္နေ့ကိုတောင်ရောက်နေပြီပဲ။ ပစ်ထားတာကြာသွားတဲ့ ကိုယ့်အခန်းလေးကို ပြင်ဆင်မွန်းမံလို့ပြီးပြီ။ အချိန်နောက်ကျသွားလို့ သူငယ်ချင်းတွေရဲ့ အခန်းကိုတောင် ၀င်ပြီးမလည်ဖြစ်တော့ဘူး။ နောက်နေ့မှပဲ လာလည်တော့မယ်နော်။ အခုတော့ မနက်စောစောထရမှာမို့ အိပ်ချိန်တန်ပြီထင်ပါရဲ့။ ကဲ အခန်းတံခါးလေးပိတ်လို့ ပုံမှန်လည်ပတ်နေကြ weekdays တွေကိုကျော်ဖြတ်လိုက်ဦးမယ်။


ခင်မင်စွာဖြင့်......

ဖြူ

Saturday, May 22, 2010

Lost

အနာဂတ်ကိုရွေးချယ်ဖို့...
ငါ့မှာဦးနှောက်တစ်ခုရှိနေသေးတယ်။

အမှားတွေကိုမြင်နိုင်ဖို့...

ငါ့မှာမျက်ဝန်းတစ်စုံရှိနေသေးတယ်။
ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့...

ငါ့မှာလက်တစ်စုံရှိနေသေးတယ်။
ယုံကြည်ရာတွေကို လျှောက်လှမ်းဖို့...

ငါ့မှာခြေထောက်တစ်စုံရှိနေသေးတယ်။

ဒါပေမယ့်.....

မျှော်လင့်ခြင်းတွေနဲ့ရှေ့ဆက်ဖို့...

ငါ့မှာနှလုံးသားတစ်စုံပျောက်ဆုံးသွားခဲ့တယ်။


(ဘ၀မှာ လူတစ်ယောက်က တချိန်ချိန်မှာ တစ်ခုခုကိုတော့ ပျောက်ဆုံးခဲ့မှာပါပဲ။ ပျောက်ဆုံးခဲ့တဲ့ အရာတွေအတွက် နာကျင်မှုဆိုတာမရှိခဲ့ရင်...... ဘာရယ်မဟုတ် တွေးမိတာလေးတွေကို စာစီမိတာပါ။)

Saturday, April 17, 2010

နှစ်ဆန်းတစ်ရက်နေ့






နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုသ်သီလယူဖို့အတွက် ၈ပါးသီလ အသံဖိုင်ရော၊ ဗွီဒီယိုဖိုင်ရော ဘယ်မှာမှရှာမရဘူး မနှစ်ကတော့ Burmese classic က တင်ပေးတယ်။ ဒီနှစ်တော့ဘယ်လိုမှရှာမတွေ့ဘူး။ အဲ့တော့ ၈ပါးသီလကို စာအုပ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပဲ သီလယူလိုက်ရတော့တယ်။ ဒီတစ်ခါရန်ကုန်ပြန်ရင်တော့ သတိတရနဲ့ရှာပြီးယူလာခဲ့မှပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ မုန့်လုံးရေပေါ်နဲ့ အုန်းနို့ကျောက်ကျော ဒါနပြုတယ်နော်။ မုန့်လုံးရေပေါ် ကျွေးနော်ဆိုတဲ့ ချစ်တဲ့အနော်ကပြောလို့။
နှစ်သစ်မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
လက်ဆောင်ပေးထားတယ် just click နော် ။


Sunday, April 11, 2010

ဖြူ့ ရဲ့ သူ !!!

သူ

ခရီးလမ်းတစ်ခုကိုလျှောက်ရင်း

မိုင်တိုင်များရဲ့အစမှာပဲ

အမှတ်တမဲ့တွေ့ခဲ့... သူ။


မှတ်မှတ်ထင်ထင်နဲ့

ခလုတ်မတိုက်မိပါပဲ

ရင်ခုန်သံတိုင်းမှာ
သတိတရရှိခဲ့... သူ။


အပြန်အလှန် ရင်းနှီး

ယုံကြည်မျှော်လင့်ချင်းတွေဖလှယ်ရင်း
ပြောစကားတိုင်းမှာ

အရေးပါခဲ့... သူ


ကာရံတွေထဲမှာအဖြေညှိ
ခံစားချက်ချင်းလဲ
ထပ်တူကြမိ... သူ။


လက်တွေ့ဆန်တဲ့ချစ်ခြင်းထက်
စိတ်ကူးယဉ်အိပ်မက်တွေကို
နှစ်သက်ရင်ခုန်တတ်.. သူ။

ကဗျာတွေကိုချစ်ပြီး

စိတ်ကူးကောင်းလေးတွေနဲ့

ရေးစပ်တတ်... သူ။

ယုံကြည်ချက်တွေနဲ့
ရှေ့ဆက်
မမက်ခဲ့ဘူးတဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်နေ...သူ။

ဝါသနာဆိုတာတွေကို စွန့်လွှတ်
မျှော်လင့်ချက်တစ်ခုအတွက်
စိတ်ဓါတ်ပြင်းထန်နေ... သူ။

အနာဂတ်မှာ
နွေးထွေးတဲ့မိသားစုတစ်ခုနဲ့
ပိုင်ဆိုင်ထားမဲ့အိမ်လေးမှာ
ဘ၀ကို အေးအေးချမ်းချမ်း
ဖြတ်သန်းချင်... သူ။

သူ...
ဖြူ ချစ်တဲ့.. သူ



( 12 April တွင် မွေးဖွားသော ဖြူ့ရဲ့ ရင်နှီးချစ်ခင်ရသော ချစ်သူငယ်ချင်းလေ အနော့် အတွက် အမှတ်တရလေးတစ်ခုပါ။ )




Friday, April 9, 2010

Happy Birthday my dear fri ....


မွေးနေ့တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ "သူငယ်ချင်း "








မွေးနေ့ရက်ကိုမေ့နေပြီ မဟုတ်လားလို့ ရန်တွေ့တဲ့ သူငယ်ချင်းလေး အံ့သြပျော်ရွှင်နေမယ်ထင်ပါတယ်။ ဘာမုန့်ကျွေးမလဲဆိုတော့ နင်ပြန်လာလို့ကတော့ စားချင်တာကို အ၀ကျွေးမယ်တဲ့။ ငါကတော့ လူကိုယ်တိုင်ပြန်မရောက်ပဲ နင့်အတွက်မွေးနေ့လက်ဆောင်ကိုတော့ အရောက်ပို့ပေးနိုင်တယ်နော်။
ဖြူ့ သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်ကို စိတ်တိုင်းကျ စီစဉ်ပေးတဲ့ ညီမငယ် ရင်နှင်းငယ် ကိုလဲ ကျေးဇူးတင်ပါတယ်။

P.S ကျေးဇူးတင်တဲ့အနေနဲ့ကြော်ငြာပေးပါတယ်.. ညီမငယ်ရဲ့ မေးလ်က giftforlove59@gmail.com ပါ။ သူငယ်ချင်းတို့ ပို့ချင်တဲ့ လက်ဆောင်တွေ ကို မြန်မာပြည်တွင်း နေရာအနှံ့ ပို့ပေးမှာ.. စိတ်စေတနာကောင်းကောင်းနဲ့ ၀န်ဆောင်မှုပေးပါတယ်။ သိချင်တာလေးတွေ ရှိရင်လည်း အဲဒီမေလ်း ကို add ပြီး မေးလို့ရပါတယ်..။ ကဲ ကြော်ငြာပေးတယ်နော် ညီမလေးရေ။


Thursday, March 25, 2010

Donation request for FFSS

Dear All,

Kindly be reminded of monthly contribution to Free Funeral Service Society (FFSS) in Yangon for MARCH. We do appreciate your donation so much and your donation will help our people effectively. We would like to inform you all that we always start collecting your monthly donation on 25th of every month. There are three ways how you can contribute to FFSS monthly donation as below.

(1) Please directly pass your donation to our donation collectors---please see below for donation collectors
(2) Please transfer your donation to our donation collectors’ bank accounts. Please kindly send sms to our donation collectors’ phones for your name, e-mail address and donation amount if you use bank accounts to transfer your donation--- please see below for bank account.
(3) Please call our donation collectors to come and collect your donation.

Donation Collectors

Names Contact No.
(1) Kyaw Zin Latt 9383 7924
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9383 5794
(4) Aung Than Naing 90027603/97716436
(5) Ko Kyaw Moe 90594838

Bank Account to transfer donation
(1) DBS saving Plus 020-5-064104 (Aung Phyo Maung)

(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)

Saturday, March 13, 2010

စိတ်ကူးပေါက်ရာ

တခါတရံမှာပေါ့ လူတွေက အရမ်းခက်တယ်... ကိုယ့်အောင်မြင်မှုအတွက် သူတစ်ပါးကို နင်းချဖို့ ၀န်မလေးတတ်သလို... ကိုယ်ရရှိပြီးသား တစ်နေရာ ပျောက်ကွယ်မှာစိုးလို့ အရာရာကို ဖုံးကွယ်ထားတတ်တယ်။ ကိုယ်လုပ်မယ့် အကြောင်းအရာ ကိစ္စတွေကို ဖုံးကွယ်၊ သူများဆီက သတင်းကို မသိသလို သိသလိုနဲ့ အတင်းမရမက တောင်းယူ.. ဒါ လူ့သဘာဝဆိုရင်တော့ အဲ့လိုသဘာဝတွေကို မုန်းချင်တယ်။ ကိုယ့်အောင်မြင်မှုဟာ တစ်ခြားတစ်ယောက်ရဲ့ စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှုတွေနဲ့ ရင်းနှီးထားတယ်ဆိုရင် ဘာကြောင့်များ အောင်မြင်မှုကို သာယာနေမှာလဲ။ ကိုယ်ကောင်းစားဖို့ တခြားတစ်ယောက်က ပေးဆပ်ရမယ်ဆိုရင် ဒါဟာ အောင်မြင်မှု အစစ်အမှန်တဲ့လား။ ကိုယ့်သာယာခြင်းကို တခြားတစ်ယောက်ရဲ့ ရင်နဲ့ရင်းမှ ရမယ်ဆိုရင် ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်မယ်တဲ့လား။ ဘာကြောင့်များ လောကကြီးက အတ္တတွေနဲ့ ပြည့်နှက်နေတာလဲ။ အတ္တကိုအရေခြုံ ၊ အတ္တကိုစားသောက်၊ အတ္တကိုခိုလှုံနေကြတာ လူ့ဘ၀တဲ့လား။

ဘ၀ဆိုတဲ့ သံသရာထဲမှာ လူတိုင်းက နိမ့်လိုက်မြင့်လိုက်နဲ့ လည်ပတ်နေမှာပဲ တချိန်မှာ အမြင့်ဆုံးကို ရောက်နိုင်သလို၊ အနိမ့်ဆုံးနေရာကိုလဲ ရောက်နိုင်တာပဲ။ အမြင့်ဆုံးနေရာကိုရောက်လို့ လေတိုက်မခံရအောင်၊ ဘ၀င်လေမဟပ်ရအောင် ဂရုပြုသင့်သလို၊ နိမ့်ကျတဲ့အချိန်မှာလဲ အကျမတော၊် အထိမနာအောင် ဂရုစိုက်သင့်တယ်။ သူတစ်ပါးကို ထိခိုက်ခြင်းမရှိပဲ အရာရာကိုရိုးသားသင့်တယ်။ မုသားမပါ လင်္ကာမချောတဲ့ သူတစ်ပါးထိခိုက်မယ့် လိမ်ညာခြင်းမျိုးမဟုတ်ရင် မပြောသင့် ပြောသင့်၊ မလုပ်သင့် လုပ်သင့်ဆိုတာတွေ ချိန်ဆသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပျှော်ရွှင်မှု၊ အောင်မြင်မှု၊ စိတ်ချမ်းသာမှု တစ်ခုအတွက်နဲ့ သူတစ်ပါးကိုမနင်းသင့်ဘူးလို့ထင်တယ်။ သူတပါးမျက်ရည်ကျမှ ကိုယ်ပျော်ရွှင်မယ်ဆိုရင် မေးလိုက်ချင်တယ် .. တစ်သက်လုံးပျော်ရွှင်နိုင်ပါ့မလား ??? သူတစ်ပါးကို အရူးဖြစ်အောင်လုပ်ပြီးမှ စိတ်ခံစားမှုတစ်ခုကို အစားထိုးတယ်ဆိုရင်...... အမျှ ၃ ကြိမ်ခေါ်ပြီး အဲ့ခဲလုံးတွေကို ထုခြေလွှင့်ပစ်လိုက်စမ်းပါ ဒီကမ္ဘာမြေကြီးလေးလွန်းလို့။


(သူငယ်ချင်းအတွက် စိတ်တိုတိုနဲ့ ရေးမိတဲ့စာ... ဖြူလဲတော်တော် အတ္တကြီးတာပါပဲ.. ကိုယ့်သူငယ်ချင်းကို ထိတော့ မခံနိုင်ဘူးလေ။)

Saturday, March 6, 2010

ဘာလဲတော့မသိဘူး

အခုတလော စာအုပ်ထဲနစ်နေလို့ အရာအားလုံးပျက်ကွက်နေတယ်။ လမ်းပြကြယ်မှာ မန်ဘာဝင် စာအုပ်စပြီးငှားဖတ်တည်းက မနက်မိုးလင်း အလုပ်အသွား ရထားပေါ်မှာလဲ စာအုပ်နဲ့မျက်နှာနဲ့ကပ်၊ နေ့လည်ထမင်းစားချိန် အချိန်အားလေးရရင်လဲ စာအုပ်လေးကိုင်၊ ရုံးအပြန် ရထားပေါ်မှာ လူကြပ်ကြပ်ဆိုလဲ စာအုပ်ကပဲ ကိုယ့်ရဲ့အိမ်ပြန်ဖော်။ ရုံးဆင်းချိန်မတူတာတောင် စောင့်ပြီးတူတူပြန်တဲ့ တစ်ခန်းထဲအတူတူနေ ဂျစ်အမတော်ဂျီးကလဲ ဘာထူးလဲ စာအုပ်တကိုင်ကိုင်။၂ပတ်အတွင်းငှားလို့ရတဲ့ စာအုပ်၃အုပ်ကုန်သွားတော့ ဖုန်းကနေတဆင့် စာဖတ်တယ်။ သူနဲ့ကိုယ်လဲ ဘယ်နေ့ပါဝါတက်မယ်မသိဘူး။ ဖတ်စရာစာအုပ်ကုန်သွားတော့ မနက်ဖြန်စာအုပ်သွားပြန်အပ်ပြီး နောက်ထပ် ၃ အုပ်လောက်ငှားဦးမှ။
razz
ပို့စ်တင်ဖို့လဲ ဘာရေးရမယ်မှန်းမသိဘူး။ ဒါနဲ့ပဲ စဉ်းစားတယ် ဘာရေးရင်ကောင်းမလဲလို့။ စဉ်းစားလို့ရတော့ တင်မယ်ပေါ့လေ ဒီကိုရောက်တာ ၂ နှစ်ပြည့်တဲ့နေ့ (ဒါတောင် မေမေ့ဆီကိုဖုန်းဆက်လို့ မေမေ ပြောပြမှ သတိရတာ ) အမှတ်တရဖြစ်အောင် ည ၁၂ နာရီအတိမှာတင်လို့ရအောင်ဆိုပြီး ကြိုးစားပမ်းစားရေးမယ်ပေါ့ ကွန်ပူတာကိုဖွင့် စာရေးဖို့ ဘလော့ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ပြသနာကစဖြစ်ရော.. ဘာဖွင့်ဖွင့် လှတပတ စာမျက်နှာလေးတွေ ပေါ်ပေါ်လာတယ်။ လှတာမှတော်တော်လှတာ Loading ဆိုတဲ့အတိုင်း ဖြူဖွေးနေတဲ့ Page လေးတွေပေါ်ပေါ်လာတယ် ( ရန်ကုန် ကွန်နက်ချင်လိုပေါ့လေ) :P ။ ဖြစ်ချင်တော့ စာကိုဘယ်တော့ ကြိုရေးလေ့မရှိဘူး။ ရေးထားပြီးမတင်ဖြစ်တဲ့ပို့စ်တွေများလွန်းလို့လေ။ ကဗျာတွေဆိုလဲ စိတ်ကူးပေါက်လို့ Word မှာ ချချရေးထားပြီး ပွထနေတဲ့ file လေးတွေက folder အပြည့် အဲ့လို အဲ့လို နဲ့ပဲ ဘာရေးရမယ်မှန်း မသိတာနဲ့၊ စိတ်ကူးပေါက်လို့ရေးမယ်ဆိုတော့ ကွန်နက်ရှင်ကောင်းနေတာနဲ့.. အခုထိမသိသေးဘူး ဘာပို့စ်တင်ရမလဲဆိုတာ စဉ်းစားလိုက်ဦးမယ်နော်။

ဖြူ pika26

Sunday, February 21, 2010

သူငယ်ချင်း


နင့်ရင်ခုန်သံတွေကို ရင်ဖွင့်ဖို့
ငါ့ဖုန်းလေးကို အမြဲဖွင့်ထားမယ်
နင်စိတ်ညစ်ရင် ဖြေသိမ့်ဖို့
ဟာသလေးတွေစုထားမယ်
နင်အားငယ်နေရင် အားပေးဖို့
ယုံကြည်ချက်တွေ ကိုယ်စီသိကြမယ်
နင်ဝမ်းနည်းရင် ငိုကြွေးဖို့
င့ါပခုံးတစ်ဘက် နင့်အတွက် အမြဲအသင့်ရှိမယ်။

ယုံကြည်ရာကို ရွက်လွှင့်
အနေဝေးလဲ ငါတို့တွေက
အမြဲထာဝရ သူငယ်ချင်းပဲလေ
နင့်ခံစားချက်တွေမျှဝေဖို့
ငါ့အတွက်အချိန်မလိုပါဘူး
နင်လိုရင် အဆင်သင့်
သူငယ်ချင်းဆိုတဲ့ အသိနဲ့တင်
နင့်အတွက် အမြဲအဆင်သင့်ပါ။

*၂၀၀၅ ခုနှစ်တည်းက ခံစားချက်မှန်သမျှ အပြန်အလှန် ရင်ဖွင့်ခဲ့ကြတဲ့ အခင်ဆုံးသူငယ်ချင်း အတွက် အမှတ်တရ *

Sunday, February 14, 2010

တခါက..


တခါက ...
လှလှပပ ထုပ်ပိုး
လက်ဆောင်လေးတွေပို့ခဲ့ဖူးတယ်။

တခါက...
ရေမွှေးနံ့သင်းသင်း
နှင်းဆီတခြင်းလဲရခဲ့ဖူးတယ်။

တခါက..

စကားသံချိုချို
ဆုတောင်းသံလေးတွေကြားခဲ့ဖူးတယ်။


တခါက..

မာယာကင်းကင်းနဲ့

အိမ်မက်တွေကို တည်ဆောက်ဖို့ တိုင်ပင်ဖူးတယ်။


တခါက..

ရင်ခုန်သံကပိုကယိုနဲ့

ဆုံတွေ့ဖို့ဆုတောင်းရင်း ညီမျှခြင်းတွေ ညှိခဲ့ဖူးတယ်။

တခါက...
မျှော်လင့်ခြင်းတွေနဲ့ရူး

အိမ်မက်တွေထဲ အလဲလဲအကွဲကွဲ ကျရှုံးဖူးတယ်။


တခါက..

အိပ်ပျက်ရက်တွေထဲ
ငါ့မျက်ဝန်းတွေလဲ ပူနွေးဖူးတယ်။


ဒီလိုနဲ့ပဲ ... တခါက ...

အမှတ်တရတွေကို
တခါတခါသတိရတတ်သေးတယ်။

Saturday, February 13, 2010

Valentine ပေါက်ကရ

နူးညံ့လွန်းခဲ့သော ငါပေးဆပ်ခဲ့အချစ်
မင်းမမြင်ခဲ့တာလား တမင်မေ့ပစ်တာလား

မင်းပြန်တုန့်ပြန်သောေ၀၀ါးလွန်းတဲ့အချစ်

ငါ့ရဲ့အချစ်တွေနဲ့ ညီမျှခြင်းရှိပါ့မလား
.......
......
မဖြစ်နိုင်မှန်းသိရက်နဲ့ပဲ
မျှော်လင့်ရင်း ငါရူးနေဆဲ
ဒီညတမ်းတမိတဲ့ ငါ့ကြယ်စင်လေးဝေးးး.... တကယ်ဝေး

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ

ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ

မြူမှုန်တွေနဲ့ခြေသံလေး နင်ပြန်မလာတော့ဘူးလား ...

... ...

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


လေပြေရေ သယ်ဆောင်လာခဲ့ပါ ငါ့စိတ်က သတိရလို့လေ

...

...

မင်းအမည်လေးတမ်းတ ငါရေရွတ်လို့ ရမ်းယောင်ခေါ်နေဆဲ

ဟေး ဒီအချိန်ပြန်တွေ့ရင်တော့ကွာ ဘယ်လိုများတုန့်ပြန်မလဲ
...

...

...

ဆုံးရှုံးလို့သွားပေမယ့်

မျှော်လင့်ချက်ကတော့ထားပြီး အသက်ဆက်ချင်သေးတယ်


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ

ဟိုအရင်အချိန်တွေရယ် အတိတ်သစ်ပြန်လာ

ခြေသံတစ်စုံတစ်ရာရယ် မကြားမိပါလား

အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


မလွမ်းလောက်ပါဘူး မလွမ်းသင့်တော့ဘူး..

သိရက်သားနဲ့ဇွတ်တရွတ်ရူး ဘာလုပ်ရမှန်းကို မသိတော့ဘူး..

မလွမ်းလောက်ပါဘူး ဘယ်လိုမှမလွမ်းသင့်ပါဘူး...


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


ချွေးစက်များနှင့်ဘ၀ဟာ မောပန်းနေလည်း အားပေးတတ်တဲ့ချစ်သူနားမှာရှိတယ်

နူးညံ့ခြင်းနဲ့အချစ်တွေရှေ့ဆက်နိုင်ဖို့ နှလုံးသားများနဲ့ဘ၀ကို တည်ဆောက်ကြမယ်

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်းရေ

မကြာခင်ပြန်ဆုံပါရစေ တို့ဆုတောင်းရင်းလေ

စိတ်ထဲမှာမှန်းမျှော်ပြန်ပြီးတွေး ဘယ်သူအကြင်နာဆုံးလေ

အတိတ်ကိုလှမ်းကြည့်လှည့် အို မြင်နိုင်မယ်ဆို အို လှမ်းလို့လာခဲ့လေ

ပန်ဆင်ဖို့ပန်းလေးလို ပွင့်လန်းနေ ..


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ

တစ်ခါ တစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ

ကိုယ်ပျော်ရင် သူလည်းပျော်မယ် ကိုယ်ငိုရင် သူလည်းငိုမယ်

တစ်ခါတစ်လေများ အပြင်ပြဿနာတွေ ယူလာပြီးသူစိတ်မချမ်းသာအောင် ....

ပြန်လည်တွေးတိုင်းသနားလို့လာတယ် ဘယ်သူနဲ့မှမတူဘူး အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘာရယ်ညာရယ် မဟုတ်ဘူး နားထောင်ဖြစ်တဲ့သီချင်းစာသားတွေချရေးထားတာ :P

razz

Sunday, January 31, 2010

၂၀၀၉ အမှတ်တရ < လေပြေ - အေသင်ချိုဆွေ >

2009 တုန်းက အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါ.. ကိုရီးယား သီချင်း အလိုက်ဆိုပေမယ့်.. စာသားတွေကိုကြိုက်တယ်... 2010 မှာလဲကြိုက်ပါသေးတယ် :P ကြိုက်တဲ့ခံစားချက်ခြင်းကတော့ မတူတော့ဘူး.. တစ်နှစ်တောင်ကွာသွားပြီပဲနော်.. အခုတမျိုး တော်ကြာတမျိုးဆိုတဲ့ စိတ်နှစ်မျိုးပဲရှိတဲ့ လူတစ်ယောက်အတွက်တော့ ခံစားချက်ခြင်းမတူတော့တဲ့ အရမ်းနှစ်သက်မိတဲ့ သီချင်းစာသားလေးတွေပါ။ တခါတလေ အမှတ်တရရှိနေမိတုန်းမလို့ .. သတိတရပြန်တင်လိုက်မိတယ်...

Sunday, January 10, 2010

Happy New Year !!

နှစ်သစ်ဆုတောင်းကို ၁၀ရက်နောက်ကျပြီးမှ ဆုတောင်းရတယ်.. တယ်ရင်းများအားလုံး သွေ့ပုချိနော်.. razz နှစ်သစ်မတိုင်ခင် အိမ်ပြောင်းပါတယ်.. အိမ်အသစ်မှာ ၄ရက်နေပြီး ရွှေမြို့တော်ရန်ကုန်က အမေ့အိမ်ကိုခဏပြန်ပါတယ်.. အခုမှ ဘလော့လေးကို ရှင်းလင်းပြီး နှစ်သစ်ဆုတောင်းလေးတင်လိုက်ပါတယ်..

အိမ်ရှင်ပျောက်နေသော်လဲ နှစ်သစ်ဆုတောင်းကို လာအော်သွားသော၊ မတွေ့တာကြာလို့ စိတ်ပူနေသော ချစ်သော ချစ်သူငယ်ချင်းလေးများ.. အိမ်ရှင်ကဧည့်ဝတ်မကျေပွန်သော်လဲ လာလည်သွားသော ချစ်မိတ်ဆွေများ .. ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေ...လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။