Thursday, March 25, 2010

Donation request for FFSS

Dear All,

Kindly be reminded of monthly contribution to Free Funeral Service Society (FFSS) in Yangon for MARCH. We do appreciate your donation so much and your donation will help our people effectively. We would like to inform you all that we always start collecting your monthly donation on 25th of every month. There are three ways how you can contribute to FFSS monthly donation as below.

(1) Please directly pass your donation to our donation collectors---please see below for donation collectors
(2) Please transfer your donation to our donation collectors’ bank accounts. Please kindly send sms to our donation collectors’ phones for your name, e-mail address and donation amount if you use bank accounts to transfer your donation--- please see below for bank account.
(3) Please call our donation collectors to come and collect your donation.

Donation Collectors

Names Contact No.
(1) Kyaw Zin Latt 9383 7924
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9383 5794
(4) Aung Than Naing 90027603/97716436
(5) Ko Kyaw Moe 90594838

Bank Account to transfer donation
(1) DBS saving Plus 020-5-064104 (Aung Phyo Maung)

(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)

Saturday, March 13, 2010

စိတ်ကူးပေါက်ရာ

တခါတရံမှာပေါ့ လူတွေက အရမ်းခက်တယ်... ကိုယ့်အောင်မြင်မှုအတွက် သူတစ်ပါးကို နင်းချဖို့ ၀န်မလေးတတ်သလို... ကိုယ်ရရှိပြီးသား တစ်နေရာ ပျောက်ကွယ်မှာစိုးလို့ အရာရာကို ဖုံးကွယ်ထားတတ်တယ်။ ကိုယ်လုပ်မယ့် အကြောင်းအရာ ကိစ္စတွေကို ဖုံးကွယ်၊ သူများဆီက သတင်းကို မသိသလို သိသလိုနဲ့ အတင်းမရမက တောင်းယူ.. ဒါ လူ့သဘာဝဆိုရင်တော့ အဲ့လိုသဘာဝတွေကို မုန်းချင်တယ်။ ကိုယ့်အောင်မြင်မှုဟာ တစ်ခြားတစ်ယောက်ရဲ့ စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှုတွေနဲ့ ရင်းနှီးထားတယ်ဆိုရင် ဘာကြောင့်များ အောင်မြင်မှုကို သာယာနေမှာလဲ။ ကိုယ်ကောင်းစားဖို့ တခြားတစ်ယောက်က ပေးဆပ်ရမယ်ဆိုရင် ဒါဟာ အောင်မြင်မှု အစစ်အမှန်တဲ့လား။ ကိုယ့်သာယာခြင်းကို တခြားတစ်ယောက်ရဲ့ ရင်နဲ့ရင်းမှ ရမယ်ဆိုရင် ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်မယ်တဲ့လား။ ဘာကြောင့်များ လောကကြီးက အတ္တတွေနဲ့ ပြည့်နှက်နေတာလဲ။ အတ္တကိုအရေခြုံ ၊ အတ္တကိုစားသောက်၊ အတ္တကိုခိုလှုံနေကြတာ လူ့ဘ၀တဲ့လား။

ဘ၀ဆိုတဲ့ သံသရာထဲမှာ လူတိုင်းက နိမ့်လိုက်မြင့်လိုက်နဲ့ လည်ပတ်နေမှာပဲ တချိန်မှာ အမြင့်ဆုံးကို ရောက်နိုင်သလို၊ အနိမ့်ဆုံးနေရာကိုလဲ ရောက်နိုင်တာပဲ။ အမြင့်ဆုံးနေရာကိုရောက်လို့ လေတိုက်မခံရအောင်၊ ဘ၀င်လေမဟပ်ရအောင် ဂရုပြုသင့်သလို၊ နိမ့်ကျတဲ့အချိန်မှာလဲ အကျမတော၊် အထိမနာအောင် ဂရုစိုက်သင့်တယ်။ သူတစ်ပါးကို ထိခိုက်ခြင်းမရှိပဲ အရာရာကိုရိုးသားသင့်တယ်။ မုသားမပါ လင်္ကာမချောတဲ့ သူတစ်ပါးထိခိုက်မယ့် လိမ်ညာခြင်းမျိုးမဟုတ်ရင် မပြောသင့် ပြောသင့်၊ မလုပ်သင့် လုပ်သင့်ဆိုတာတွေ ချိန်ဆသင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပျှော်ရွှင်မှု၊ အောင်မြင်မှု၊ စိတ်ချမ်းသာမှု တစ်ခုအတွက်နဲ့ သူတစ်ပါးကိုမနင်းသင့်ဘူးလို့ထင်တယ်။ သူတပါးမျက်ရည်ကျမှ ကိုယ်ပျော်ရွှင်မယ်ဆိုရင် မေးလိုက်ချင်တယ် .. တစ်သက်လုံးပျော်ရွှင်နိုင်ပါ့မလား ??? သူတစ်ပါးကို အရူးဖြစ်အောင်လုပ်ပြီးမှ စိတ်ခံစားမှုတစ်ခုကို အစားထိုးတယ်ဆိုရင်...... အမျှ ၃ ကြိမ်ခေါ်ပြီး အဲ့ခဲလုံးတွေကို ထုခြေလွှင့်ပစ်လိုက်စမ်းပါ ဒီကမ္ဘာမြေကြီးလေးလွန်းလို့။


(သူငယ်ချင်းအတွက် စိတ်တိုတိုနဲ့ ရေးမိတဲ့စာ... ဖြူလဲတော်တော် အတ္တကြီးတာပါပဲ.. ကိုယ့်သူငယ်ချင်းကို ထိတော့ မခံနိုင်ဘူးလေ။)

Saturday, March 6, 2010

ဘာလဲတော့မသိဘူး

အခုတလော စာအုပ်ထဲနစ်နေလို့ အရာအားလုံးပျက်ကွက်နေတယ်။ လမ်းပြကြယ်မှာ မန်ဘာဝင် စာအုပ်စပြီးငှားဖတ်တည်းက မနက်မိုးလင်း အလုပ်အသွား ရထားပေါ်မှာလဲ စာအုပ်နဲ့မျက်နှာနဲ့ကပ်၊ နေ့လည်ထမင်းစားချိန် အချိန်အားလေးရရင်လဲ စာအုပ်လေးကိုင်၊ ရုံးအပြန် ရထားပေါ်မှာ လူကြပ်ကြပ်ဆိုလဲ စာအုပ်ကပဲ ကိုယ့်ရဲ့အိမ်ပြန်ဖော်။ ရုံးဆင်းချိန်မတူတာတောင် စောင့်ပြီးတူတူပြန်တဲ့ တစ်ခန်းထဲအတူတူနေ ဂျစ်အမတော်ဂျီးကလဲ ဘာထူးလဲ စာအုပ်တကိုင်ကိုင်။၂ပတ်အတွင်းငှားလို့ရတဲ့ စာအုပ်၃အုပ်ကုန်သွားတော့ ဖုန်းကနေတဆင့် စာဖတ်တယ်။ သူနဲ့ကိုယ်လဲ ဘယ်နေ့ပါဝါတက်မယ်မသိဘူး။ ဖတ်စရာစာအုပ်ကုန်သွားတော့ မနက်ဖြန်စာအုပ်သွားပြန်အပ်ပြီး နောက်ထပ် ၃ အုပ်လောက်ငှားဦးမှ။
razz
ပို့စ်တင်ဖို့လဲ ဘာရေးရမယ်မှန်းမသိဘူး။ ဒါနဲ့ပဲ စဉ်းစားတယ် ဘာရေးရင်ကောင်းမလဲလို့။ စဉ်းစားလို့ရတော့ တင်မယ်ပေါ့လေ ဒီကိုရောက်တာ ၂ နှစ်ပြည့်တဲ့နေ့ (ဒါတောင် မေမေ့ဆီကိုဖုန်းဆက်လို့ မေမေ ပြောပြမှ သတိရတာ ) အမှတ်တရဖြစ်အောင် ည ၁၂ နာရီအတိမှာတင်လို့ရအောင်ဆိုပြီး ကြိုးစားပမ်းစားရေးမယ်ပေါ့ ကွန်ပူတာကိုဖွင့် စာရေးဖို့ ဘလော့ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ပြသနာကစဖြစ်ရော.. ဘာဖွင့်ဖွင့် လှတပတ စာမျက်နှာလေးတွေ ပေါ်ပေါ်လာတယ်။ လှတာမှတော်တော်လှတာ Loading ဆိုတဲ့အတိုင်း ဖြူဖွေးနေတဲ့ Page လေးတွေပေါ်ပေါ်လာတယ် ( ရန်ကုန် ကွန်နက်ချင်လိုပေါ့လေ) :P ။ ဖြစ်ချင်တော့ စာကိုဘယ်တော့ ကြိုရေးလေ့မရှိဘူး။ ရေးထားပြီးမတင်ဖြစ်တဲ့ပို့စ်တွေများလွန်းလို့လေ။ ကဗျာတွေဆိုလဲ စိတ်ကူးပေါက်လို့ Word မှာ ချချရေးထားပြီး ပွထနေတဲ့ file လေးတွေက folder အပြည့် အဲ့လို အဲ့လို နဲ့ပဲ ဘာရေးရမယ်မှန်း မသိတာနဲ့၊ စိတ်ကူးပေါက်လို့ရေးမယ်ဆိုတော့ ကွန်နက်ရှင်ကောင်းနေတာနဲ့.. အခုထိမသိသေးဘူး ဘာပို့စ်တင်ရမလဲဆိုတာ စဉ်းစားလိုက်ဦးမယ်နော်။

ဖြူ pika26