Saturday, April 17, 2010

နှစ်ဆန်းတစ်ရက်နေ့






နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုသ်သီလယူဖို့အတွက် ၈ပါးသီလ အသံဖိုင်ရော၊ ဗွီဒီယိုဖိုင်ရော ဘယ်မှာမှရှာမရဘူး မနှစ်ကတော့ Burmese classic က တင်ပေးတယ်။ ဒီနှစ်တော့ဘယ်လိုမှရှာမတွေ့ဘူး။ အဲ့တော့ ၈ပါးသီလကို စာအုပ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပဲ သီလယူလိုက်ရတော့တယ်။ ဒီတစ်ခါရန်ကုန်ပြန်ရင်တော့ သတိတရနဲ့ရှာပြီးယူလာခဲ့မှပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ မုန့်လုံးရေပေါ်နဲ့ အုန်းနို့ကျောက်ကျော ဒါနပြုတယ်နော်။ မုန့်လုံးရေပေါ် ကျွေးနော်ဆိုတဲ့ ချစ်တဲ့အနော်ကပြောလို့။
နှစ်သစ်မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
လက်ဆောင်ပေးထားတယ် just click နော် ။


Sunday, April 11, 2010

ဖြူ့ ရဲ့ သူ !!!

သူ

ခရီးလမ်းတစ်ခုကိုလျှောက်ရင်း

မိုင်တိုင်များရဲ့အစမှာပဲ

အမှတ်တမဲ့တွေ့ခဲ့... သူ။


မှတ်မှတ်ထင်ထင်နဲ့

ခလုတ်မတိုက်မိပါပဲ

ရင်ခုန်သံတိုင်းမှာ
သတိတရရှိခဲ့... သူ။


အပြန်အလှန် ရင်းနှီး

ယုံကြည်မျှော်လင့်ချင်းတွေဖလှယ်ရင်း
ပြောစကားတိုင်းမှာ

အရေးပါခဲ့... သူ


ကာရံတွေထဲမှာအဖြေညှိ
ခံစားချက်ချင်းလဲ
ထပ်တူကြမိ... သူ။


လက်တွေ့ဆန်တဲ့ချစ်ခြင်းထက်
စိတ်ကူးယဉ်အိပ်မက်တွေကို
နှစ်သက်ရင်ခုန်တတ်.. သူ။

ကဗျာတွေကိုချစ်ပြီး

စိတ်ကူးကောင်းလေးတွေနဲ့

ရေးစပ်တတ်... သူ။

ယုံကြည်ချက်တွေနဲ့
ရှေ့ဆက်
မမက်ခဲ့ဘူးတဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်နေ...သူ။

ဝါသနာဆိုတာတွေကို စွန့်လွှတ်
မျှော်လင့်ချက်တစ်ခုအတွက်
စိတ်ဓါတ်ပြင်းထန်နေ... သူ။

အနာဂတ်မှာ
နွေးထွေးတဲ့မိသားစုတစ်ခုနဲ့
ပိုင်ဆိုင်ထားမဲ့အိမ်လေးမှာ
ဘ၀ကို အေးအေးချမ်းချမ်း
ဖြတ်သန်းချင်... သူ။

သူ...
ဖြူ ချစ်တဲ့.. သူ



( 12 April တွင် မွေးဖွားသော ဖြူ့ရဲ့ ရင်နှီးချစ်ခင်ရသော ချစ်သူငယ်ချင်းလေ အနော့် အတွက် အမှတ်တရလေးတစ်ခုပါ။ )




Friday, April 9, 2010

Happy Birthday my dear fri ....


မွေးနေ့တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ "သူငယ်ချင်း "








မွေးနေ့ရက်ကိုမေ့နေပြီ မဟုတ်လားလို့ ရန်တွေ့တဲ့ သူငယ်ချင်းလေး အံ့သြပျော်ရွှင်နေမယ်ထင်ပါတယ်။ ဘာမုန့်ကျွေးမလဲဆိုတော့ နင်ပြန်လာလို့ကတော့ စားချင်တာကို အ၀ကျွေးမယ်တဲ့။ ငါကတော့ လူကိုယ်တိုင်ပြန်မရောက်ပဲ နင့်အတွက်မွေးနေ့လက်ဆောင်ကိုတော့ အရောက်ပို့ပေးနိုင်တယ်နော်။
ဖြူ့ သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်ကို စိတ်တိုင်းကျ စီစဉ်ပေးတဲ့ ညီမငယ် ရင်နှင်းငယ် ကိုလဲ ကျေးဇူးတင်ပါတယ်။

P.S ကျေးဇူးတင်တဲ့အနေနဲ့ကြော်ငြာပေးပါတယ်.. ညီမငယ်ရဲ့ မေးလ်က giftforlove59@gmail.com ပါ။ သူငယ်ချင်းတို့ ပို့ချင်တဲ့ လက်ဆောင်တွေ ကို မြန်မာပြည်တွင်း နေရာအနှံ့ ပို့ပေးမှာ.. စိတ်စေတနာကောင်းကောင်းနဲ့ ၀န်ဆောင်မှုပေးပါတယ်။ သိချင်တာလေးတွေ ရှိရင်လည်း အဲဒီမေလ်း ကို add ပြီး မေးလို့ရပါတယ်..။ ကဲ ကြော်ငြာပေးတယ်နော် ညီမလေးရေ။