Saturday, April 17, 2010

နှစ်ဆန်းတစ်ရက်နေ့






နှစ်ဆန်းတစ်ရက်နေ့မှာ ဥပုသ်သီလယူဖို့အတွက် ၈ပါးသီလ အသံဖိုင်ရော၊ ဗွီဒီယိုဖိုင်ရော ဘယ်မှာမှရှာမရဘူး မနှစ်ကတော့ Burmese classic က တင်ပေးတယ်။ ဒီနှစ်တော့ဘယ်လိုမှရှာမတွေ့ဘူး။ အဲ့တော့ ၈ပါးသီလကို စာအုပ်ကြည့်ပြီး ကိုယ့်ဘာသာကိုယ်ပဲ သီလယူလိုက်ရတော့တယ်။ ဒီတစ်ခါရန်ကုန်ပြန်ရင်တော့ သတိတရနဲ့ရှာပြီးယူလာခဲ့မှပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ မုန့်လုံးရေပေါ်နဲ့ အုန်းနို့ကျောက်ကျော ဒါနပြုတယ်နော်။ မုန့်လုံးရေပေါ် ကျွေးနော်ဆိုတဲ့ ချစ်တဲ့အနော်ကပြောလို့။
နှစ်သစ်မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
လက်ဆောင်ပေးထားတယ် just click နော် ။


6 comments:

အနော် said...

ချစ်တဲ့ဖြူရေ မုန့်လုံးရေပေါ်ရော ကျောက်ကျောရော ဘုရားစင်က စွန့်ပီး စားလိုက်ပီနော်.
ချစ်တဲ့ ဖြူတစ်ယောက် နှစ်သစ်မှာ စိတ်ရော ကိုယ်ပါ ရွှင်လန်းချမ်းမြေ့ပါစေ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ချစ်တဲ့သူနဲ့ အတူတူ ပျော်ရွှင်နိုင်ပါစေလို့ ဟိဟိ :)

chocothazin said...

မမဖြူတစ်ယောက် ကျောက်ကျောလေးလို ချောပြီး၊ ချိုသာတဲ့အပြုံးများ ထာဝစဉ် ပြုံးနိုင်ကာ မုန့် လုံးရေပေါ်လေးလို ဖြူစင်တဲ့ ချစ်သူလေးနဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်။

ကိုလူထွေး said...

ကျောက်ကျောများ စားရမလားလို့ ဂျပ်ကလစ်လိုက်တာ မဟာဘုတ် ရောက်သွားတယ်...



းဝ)

ဂျစ်တူး ( မုံရွာ ) said...

ဖြူ ---ကိုယ်ရောက်လာခဲ့တယ်
မင်္ဂလာပါ ဖြူ
ဘုရားလည်းဖူးသွားတယ်
မုန့် တွေလည်းစားသွားတယ်
နောက်ကိုလည်းလာခဲ့ပါရစေဗျာ
ကျေးဇူးတင်ပါတယ်-

noblemoe said...

နောက်ကျသွားပြီ
စားလိုက်ရဖူးးD
သာယာချမ်းမြေ့ပါစေနော်
မိုး

ps: ဘုရားစင်လေးက ရှင်းပြီးမျက်စေ့အေးလိုက်တာ

မိုက်ခဲလေး said...

ရောက်ခဲ့ပါတယ်။ ဘယ်ကိုသွားရမလဲမသိဖြစ်နေတယ်