နာမည်က.. ချမ်ချမ် (Chan Chan ) တဲ့
အရမ်းကိုပဲများတဲ့ကောင်မလေးပေါ့.. အလှအပကလဲကြိုက်တတ်သေးတယ်လေ..
စိတ်လဲကောက်တတ်သေးတယ်.. ကိုယ်သူ့အနားကနေ တခြားနေရာကိုသွားမယ်ဆိုတာသိတော့ အဲ့နေ့ကသူ့ကိုခေါ်လို့မရဘူး..စိတ်ကောက်ပြီး ကိုယ့်အနားကိုမလာဘူး.. သူ့ကိုကြည့်ပြီးကိုယ်ငိုချင်လာတယ်.. ခွင့်လွှတ်ပါချမ်ချမ်ရယ်...
အခုတော့ မေမေ က ပြောတယ်.. သမီးရဲ့ ချမ်ချမ်က အဖော်လေးတွေရနေတော့ သမီးကိုမေ့နေပြီတဲ့ ဟုတ်မှာပါ.. ချမ်ချမ့်ရဲ့အဖော်လေးတွေကို ဓါတ်ပုံကလွဲပြီး ကိုယ်မမြင်ဖူးသေးဘူး.. ချမ်ချမ်ရယ်... လွမ်းလိုက်တာ...