Sunday, November 22, 2009

စိတ်ကူးအလွမ်း



အကြောင်းမဲ့မဟုတ်ခဲ့ပေမယ့်
အကြောင်းပြချက်ဆိုတာတွေကလဲ

ပျောက်ဆုံးနေတယ်…

အချိန်မှန်မဟုတ်တော့ပေမယ့်

တိကျတဲ့အချိန်တွေကလဲ

ရွေ့လျားတိုက်စားကုန်တယ်…

အိပ်ပျက်ရက်တွေများနေပေမယ့်

ရှောင်လွှဲလို့မရနိုင်သေးတဲ့

မင်းအကြောင်းအိပ်မက်တွေကိုတော့

ရင်ဆိုင်နေရတုန်းပဲ..

ထိန်းချုပ်ရခက်ခဲပေမယ့်

အတွေးတိမ်တိုက်တွေနဲ့အတူ

သတိရစိတ်တွေကိုတော့

မင်းဆီအရောက် ရွက်လွှင့်မိနေတုန်းပဲ…

ပြောင်းလဲနေတဲ့မတည်မြဲခြင်းတွေကြားမှာ

ငါ့အတွက်မပြောင်းလဲနိုင်သေးတဲ့

အလွမ်းမြစ်တွေကတော့ စီးဆင်းနေတုန်းပဲ…

ယုံကြည်ချင်ပါတယ်.. ချစ်သူ..

"ကိုယ်တို့ရဲ့အနာဂတ်တွေကို

ကြည်ပြာရောင်အငွေ့အသက်နဲ့

လတ်ဆတ်တဲ့နေ့ကလေးများအဖြစ်

ဖန်ဆင်းအသက်သွင်းမယ့်...... "

တနေ့နေ့ကို.. ပြန်ဆုံတွေ့ခွင့်ရချင်တယ်။



---> Phyu <---

Wednesday, October 28, 2009

why ?

ဘာကြောင့်လဲ...
နီးနီးလေးလို့ ယူဆမိချိန်မှာ
အဝေးဆုံးမှာရှိနေဆဲလို့ခံစားမိတာ....

ဘာကြောင့်လဲ...
နားလည်နိုင်ဆုံးလို့ ခံယူမိချိန်မှာ
ကိုယ့်အသိဥာဏ်တွေက ဗလာအကျင်းဖြစ်နေတာ...

ဘာကြောင့်လဲ...
အရာအားလုံးကိုပေးဆပ်ဖို့ ကြိုးစားမိချိန်မှာ
ကိုယ့်ဆီမှာဘာမှမရှိတော့တာ...

ဘာကြောင့်လဲ...
ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ကြိုးစားချိန်တိုင်းမှာ
အမှတ်မထင် ရောက်ရောက်လာတတ်တာ...

ဘာကြောင့်လဲ...
ကိုယ့်ယုံကြည်ချက်တွေ အနက်ရှိုင်းဆုံးအချိန်မှာ
ကိုယ့်မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတာ...

ဘာကြောင့်လဲ...
ငါ့ပျှော်ရွှင်မှုတိုင်း နောက်မှာ
ဝမ်းနည်းခြင်းဆိုတာက အရိပ်လိုကပ်နေတာ..

ဘာကြောင့်လဲ...
ငါမက်ခဲ့တဲ့ အိမ်မက်တွေ
အကြိမ်ကြိမ် အခါခါ ပြိုလဲခဲ့ရတာ...

ဘာကြောင့်လဲ.........................................

Sunday, October 18, 2009

P for Phyu

စစ်ပွဲတစ်ပွဲပြီးတည်းက ဖုန်တက်နေတဲ့ ဘလော့လေးကို ကြည့်မရလို့တဲ့ ညီမငယ်သဇင်က Tag ပါတယ်.. အဲ့တော့လဲ ကြိုးစားပြီးရေးလိုက်ကြောင်းပါ.. lolုန်တက်ရခြင်းအကြောင်းကတော့ နေမကောင်းလို့ရယ် ( အပျင်းဖျားပါ တော်တော်ပြင်းထန်ပါတယ် ) razz နောက်ပြီးတော့ လက်ပတော့က ကလိတာလွန်ပြီး ၀င်းဒိုးကြသွားပါတယ် ပါပါး ပြန်ကောက်တင်ပေးထားတာ biggrinနောက်ဆုံးအကြောင်းပြချက်ကတော့ အလုပ်မှာ ဘီးဇီးပါ cry ပြန်လာရင် ဒီလိုလေး ပစ်နေလို့ပါ...

ကဲရေးပါပြီ...

P for Phyu

1. What is your name – Phyu pika26
2. A four letter word – Post
3. A boy’s name – Pho Chan ( name of my par par , hahaha ) lol
4. A girl’s name - Poe Darli Thein Tan
5. An occupation – Photographer ( Make sure, after i get Sony Alpha ... :D )
victoire
6. A color – Purple
7. Something you’ll wear - Party Dress

8. A food – Papaya
9. Something found in the bathroom – Paper (Tissue , newspaper, balar balar balar ... )
brosse
10. A place – Paris ( Go and take photos with alpha .... kwi kwi kwi ) lol
11. A reason for being late – Praying pika17
12. Something you’d shout – Phayar Phayar ! pika18
13. A movie title – Princess Hours ( Korean Drama , so cute actors and actress ) clapclap
14. Something you drink – Premier ( 2+1 and pure coffee ) ok
15. A musical group – PAL
16. An animal – Panda

17. A street name –Pagoda Street ( Street name in Sg, near ChinaTown. )

18. A type of car – Prado

19. The title of the song – Pretty Boy ( M2M )

20. A verb – Please
naruto


1. What is your name – ဖြူ
2. A four letter word –
ဖေဖော်ဝါရီ
3. A boy’s name –
ဖြိုးကြီး
4. A girl’s name -
ဖူးစုံ
5. An occupation –
ဖက်ရှင်ဒီဇိုင်နာ ( :P )
6. A color – ဖက်ဖူးရောင်
7. Something you’ll wear -
ဖဲကြိုး
8. A food –
ဖရဲသီး
9. Something found in the bathroom –
ဖန်ခွက်
10. A place –
ဖားအောက်တောရ ( တရားသွားထိုင်မလို့ .. ဟိ )
11. A reason for being late – ဖိနပ်ပေါက်နေလို့
( မြန်မြန်လျှောက်နိုင်ဘူးလေ )
12. Something you’d shout – ဖိုက်တာလား ? ( မြင်မြင်သမျှ ဘ၀င်မကျ ရန်ရှာတယ်မထင်ပါနဲ့နော် အလုပ်မှာ pressure မိလို့ပါ )
13. A movie title –
ဖြစ်ချင်တာဖြစ် မောင်ဘချစ် ( ဒွေး၊ ကျော်သူ၊ သားညီ၊ နန္ဒာလှိုင်.... တော်တော်ရှာလိုက်ရတယ် freemyanmarvcd မှာ )
14. Something you drink – ဖာလူဒါ
15. A musical group – ဖိုင်းရား ခရက်ကာ ( Fire cracker )
16. An animal –
ဖွတ် ( လူဟုတ်ဘူးနော် သိလား မွှားတွားမှာဆိုးလို့ )
17. A street name – ဖျာပုံလမ်း
18. A type of car –
ဖာရာရီ ( Ferrari ) (ကူညီပေးသော ကားမာစတာကြီးကို ကျေးဇူးတင်ပါတယ်.. မင်္ဂလာဆောင်မှာ လက်ဖွဲ့များများရပါစေ ဆုတောင်းပေးပါတယ်) langue
19. The title of the song – ဖန်သားနန်းတော် ( Black Hole )
20. A verb – ဖွနဲ့နော် (ရေးချင်တာတွေလျှောက်ရေးထားလို့ ) pika21


Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

ထပ်ဆင့်၍ tag ချင်လို့ပါ... စံပယ်ဖြူအိမ်မက် မျက်ဖြေအလင်္ကာ (အန်တီယု) ကောင်းကင်သောနမ်းသောမျက်ဝန်းတစ်စုံ (ဏီ(န်)ကင်း) မိုးအိမ့်ဖြူ ( ၂ယောက်လုံးနော် ) နှင်းဟေမာ ။ ရေးပေးနော်..

Wednesday, September 9, 2009

ဘ၀စစ်ပွဲ

ဘ၀စစ်မြေပြင်ထဲမှာ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
စစ်ပွဲတွေအခါခါဖြစ်နေကြတယ်...
ဖြစ်နေတာတွေကို ဓါးစာခံထားပြီး
ရုန်းကန်မှု လက်နက်နဲ့
မျှော်လင့်ခြင်းပန်းတိုင်အရောက်
တိုက်ယူနေကြလေရဲ့.....

စစ်ဆိုမှတော့
အနိုင် အရှုံး မထူးဆန်းဘူးလေ
စိတ်ဓါတ်ဆိုတဲ့ တပ်သားတွေကလဲ
တစ်ယောက်ကျရင် တစ်ယောက်တက်လို့
အားကြိုးမာန်တက် တိုက်ပွဲကိုဆင်နွှဲနေလေရဲ့

အနိုင်မခံအရှုံးမပေး
ပြီးဆုံးချိန် မသိသေးတဲ့
ဒီစစ်ပွဲအတွက်...
စိတ်ဓါတ်ဆိုတဲ့ တပ်သားလေးတွေ
အကျအဆုံးနဲစေဖို့
ဖြစ်သင့်တာ၊ ဖြစ်ချင်တာ နဲ့ ဖြစ်နေတာတွေ
သင့်မြတ်စေဖို့...
အကြိမ်ကြိမ်ဆုတောင်းရင်း....

Wednesday, September 2, 2009

ဟိုရောက်.. ဒီရောက်

အာသီးရောင်၊ လည်ချောင်းနာတာကို အကြောင်းပြပြီး မနေ့ကနေ့တစ်ဝက၊် ဒီနေ့တစ်နေ့နဲ့ MC တစ်ရက်ခွဲယူ အိမ်မှာတစ်ယောက်တည်းတည်း ပျင်းပျင်းနဲ့အိပ်လိုက်၊ ဂိမ်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ အပျင်းရောဂါဖြစ်နေလိုက်တယ်။ အနော် ပြောသလို နေမကောင်းရင် အိမ်ကိုပိုလွမ်းတယ် နေကောင်းအောင်နေတဲ့ ဟုတ်တယ် တအိမ်လုံးမှာ တစ်ယောက်တည်းဆိုတော့ ပျင်းပြီးအိမ်ကိုပိုလွမ်းတယ်..
နေမကောင်းတဲ့အချိန်ဆို တစ်ယောက်တည်းအားငယ်သလိုလို ဘာလိုလို ညာလိုလို .. အိမ်မှာဆိုရင်တော့ မေမေ ကျောင်းမသွားခင် မေမေ့နားကပ်ပြီးဂျီကျလိုက် ချွဲလိုက်ပေါ့ (ဟာဟ ကလေးမဟုတ်တော့တဲ့ လူကြီးဆိုးကြီးလေ ) မေမေ နဲ့ မောင်လေး ကျောင်းသွားလို့ တစ်ယောက်တည်း ပျင်းလာရင်အောက်ထပ်ကိုဆင်း ချမ်ချမ်နဲ့ဆော့လိုက်၊ စကားတွေပြောလိုက်နဲ့ ...
အင်းးး ... ဒီစာကိုရေးနေရင်းတောင် သတိရလာပြန်ပြီ.. ချမ်ချမ့်ကိုလွမ်းလိုက်တာ... မေမေ၊ မောင်လေး နဲ့ အိမ်ကကျန်တဲ့မိသားစုကို သတိရလို့ ဖုန်းဆက်လိုက်ရင် အလွမ်းပြေပေမယ့် ချမ်ချမ့်ကိုသတိရရင်ဘယ်လိုလုပ်ရပါ့... ဖုန်းပြောခိုင်းလို့ကလဲမရ၊ မောင်လေးကတော့ အားပေးရှာပါတယ် ဖြူ့ချမ်ချမ်က သူ့ကလေးတွေနဲ့ပျော်နေတာတဲ့ ဖြူ့ကိုတောင်သတိမရဘူးတဲ့ ဘာပဲဖြစ်ဖြစ်ပေါ့နော် သူလဲလွမ်းချင်လွမ်းမှာပေါ့ ပြောလို့မရလို့နေမှာပေါ့ ( ကိုယ့်ကိုကိုယ်ဖြေသိမ့်တာပါ ) တခြားဘယ်သူ့ကိုလွမ်းသေးလဲဆိုတော့ လွမ်းတော့ဘူးကုန်ပြီ မလွမ်းလောက်တော့ဘူး ဟာဟ..
လူကနေမကောင်းဖြစ်ပြီး သောက်ရတဲ့ဆေး အရေအတွက်နဲ့ အကြိမ်တွေများပြီး ဂေါက်တောက်တောက် ဖြစ်နေတယ်။ နေ့လည်ကလဲ ဆေးသောက်ပြီး အိပ်လိုက်တာ အိမ်မက်ထဲမှာ ရိုလာကိုစတာစီးသလို တိမ်တွေထဲမှာပျံပြီး
ပင်လယ်တွေကိုလဲဖြတ်၊ ငှက်တွေပျံတာကို အပေါ်စီးကနေမြင်နေရတယ်။ လေတွေကလဲတိုက်လိုက်တာ။ အမြင့်ကြီးမှာရောက်နေတော့ လေတိုက်အားကလဲ တော်တော်ပြင်းတာ ။ သွားတဲ့နှုန်းကလဲမြန်တော့ လေတိုက်နှုန်းကပိုဆိုးတယ်။ တော်သေးတယ် ရုံးကအမက ရုံးဆင်းချိန် ဖုန်းဆက်ပြီး ဘယ်လိုနေသေးလဲ သက်သာလားဆိုပြီး ဖုန်းဆက်လို့ အမဖုန်းကြောင့်နိုးလာတာ အဲ့လိုသာမဟုတ်ရင် ဘယ်အထိပျံနေမလဲမသိဘူး တကယ်သာပျံသန်းခွင့်ရမယ်ဆိုရင် အိမ်အရောက်ပြန်လိုက်ချင်တယ် လေယာဉ်ခသက်သာတာပေါ့နော် ..

Wednesday, August 26, 2009

For 26 August 2009

pika17ဒီနေ့မွေးနေ့လေးက မိသားစုနဲ့အတူတူရှိမနေပေမယ့် ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်။မွေးနေ့ရောက်တိုင်း ဖေဖေ မေမေ နဲ့ အတူတူ ရွှေတိဂုံဘုရား မရောက်ဖြစ်တာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိခဲ့ပြီ.. ဒါပေမယ့် ချစ်တဲ့သူငယ်ချင်းများရဲ့ နွေးထွေးခင်မင်မှုတွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။နောက်တခုက ဘလော့မှာပို့စ်တင်တာကို မသိပဲ ချက်ချင်းသင်ပြီး မွေးနေ့ဆုတောင်းပို့စ်တင်ပေးတဲ့ ချစ်မမကြီးကိုလဲ ကျေးဇူးတင်ပါတယ်...
pika21pika21pika21pika21pika21
မွေးနေ့အမှတ်တရ....
`ဆုတောင်း´

မိနစ်တိုင်း စက္ကန့်တိုင်း
ရွေ့လျားနေတဲ့အချိန်တွေရယ်

နိုးထလိုက် အိပ်မက်လိုက်
မပြီးဆုံးသေးတဲ့အနာဂတ်တွေရယ်

တောင့်တတိုင်းမပြည့်စုံသေးတဲ့
မျှော်လင့်ခြင်းမနက်ဖြန်တွေရယ်

ဟောင်းသွားလဲမမေ့နိုင်မယ့်
ပျှော်ရွှင်ခြင်းသံယောဇဉ်တွေရယ်

ဘယ်တော့မှမရိုးနိုင်မယ့်
အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေရယ်

လည်ပတ်နေတဲ့ကမ္ဘာနဲ့
ပြောင်းလဲနေတဲ့မတည်မြဲခြင်းတွေရယ်

အက်ကြောင်းထပ်နေတဲ့
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာလွန်ဆွဲခြင်းတွေရယ်

အရာရာကို ပျော်ရွှင်အောင်မြင်ခြင်းတွေနဲ့
ကျော်ဖြတ်လို့အနာဂတ်ခရီးကိုဆက်ချင်တယ်

--->Phyu<---

HAPPY BIRTHDAY. . blog ပိုင်ရှင်သို့

HAPPY BIRTHDAY MY DEAR SIS :)




၂၆ သြဂုတ်လ ၂၀၀၉ ရက်နေ့တွင်ကျရောက်သော ၂၈ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်စိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းသော မွေးနေ့ပေါင်းမြောက်စွာကိုချစ်သောသူများနှင့်အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ. . .

ချစ်မမကြီး

Tuesday, August 25, 2009

HAPPY BIRTHDAY... ချစ်သောမမကြီး


Happy Birthday !! My Lovely sis ...

မွေးနေ့မှစ
နှစ်များစွာတိုင်
လိုအင်ဟူသမျှ
တတိုင်းရ၍
ဘေးဘယာဝေးကွာ
ကျန်းမာစွာဖြင့်
သောကကင်းစင်
ချစ်သောသူနှင့်နီးစေချင်......။


ချစ်သောညီမငယ်လေးများ ... ဖု နှင့် ချု

Sunday, August 23, 2009

"....... စေချင် ......."

"....... စေချင် ......."

`သူကအရမ်းချစ်ခဲ့တာ´လို့
ပြောတတ်တဲ့ မင်းစကားတွေကို
ပုံပြင်တစ်ပုဒ်လို့
ငါမယူဆခဲ့ပါဘူး .....

`သူကအရမ်းဂရုစိုက်တတ်တာ´လို့
ရေရွတ်တတ်တဲ့ မင်းစကားတွေကို
ယုံတမ်းစကားတွေလို့
ငါမထင်ခဲ့ပါဘူး .....

`သူ့ကိုသတိရလိုက်တာ´လို့
တိုးတိုးလေးငြီးတတ်တဲ့ မင်းကိုလည်း
မေ့ပြစ်လိုက်လို့
ငါပြောမထွက်ခဲ့ဘူး .....

`သူ့အကြောင်းတွေသိချင်တယ်´လို့
စုံစမ်းတတ်တဲ့ မင်းကိုလည်း
မလိုအပ်တော့ဘူးလို့
ငါမတားရက်ခဲ့ဘူး .....

`သူ့ကိုချစ်နေဆဲ´လို့
ပြောတတ်တဲ့ မင်းကို
ထားရက်နိုင်သူကိုတော့
မလွမ်းစေချင်တော့ဘူး .....


(ဖုန်ခါခြင်းဖြစ်ပါတယ် .... ကဗျာအဟောင်းလေးပါ.. သိပ်တော့မကြာသေးပါဘူး razz ၂၀၀၄ ခုနှစ်က သူငယ်ချင်းတစ်ယောက် အကြောင်းရေးထားတာပါ။ မှတ်မှတ်ရရ ဒီနေ့ (၂၃.၀၈.၀၉) က သူရဲ့မွေးနေ့ဖြစ်နေပါတယ်.. )

Monday, August 10, 2009

Singapore National Day 2009

Ph Camera နဲ့ ရိုက်ခဲ့တာမို့ ၀ါးတားတားလေးဖြစ်နေတယ် သည်းခံပြီးကြည့်ပေးပါနော်။pika26




Sunday, August 9, 2009

အကြောင်းပြချက်ပေးခြင်း :P

ဖြူ.ထက်တစ်နှစ်တိတိစောပြီး လောကကြီးကို မိတ်ဆက်ခွင့်ရတဲ့ ချစ်မကြီးရဲ့ birthday countdown တစ်ခုတင်ပါတယ် ကချော်ကချွတ်နဲ့ တန်းပလိတ်က ဘာဖြစ်မှန်းမသိ ပို့စ်တွေအောက်ဆင်းသွားလို့ ဒီမနက်မှ ပြန်ကောက်တင်ရတယ်။ ကိုယ်တင်ထားတဲ့ ပိုစ့်လေးကိုဖျက်လိုက်မှ ပြန်ကောက်တင်လို့ရတယ်။ ချိတ်တောင်မကောင်းဘူး။ birthday မှပဲပို့စ်တင်တော့မယ်နော် ချစ်မကြီး။ တစ်ပါတ်နေမှ တခါလောက်တင်တဲ့ ပို့စ်တွေလဲ အ ပျင်း ဖျားပြီးမတင်ဖြစ်။ လာမည်ကြာမည် အခုလောလောဆယ်တော့ အိမ်လွမ်းချင်းမှလွဲပြီး ကျန်တာတွေပျောက်ဆုံးနေပါတယ်...
pika24

Saturday, August 1, 2009

နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့ - ထက်နေကြည်

နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့ - ထက်နေကြည်

ညလေးများ ကိုယ်အိပ်ပျော်ဖို့ ခက်နေ
အာရုံမှာ အိမ်မက်များမှာလဲ မင်းမျက်နှာ
ငြိမ်သက်ပြီး စောင့် ကို့ယ်ရင်ကို တခါပြန် လှုပ်ခတ်ဖို့
ဆွဲငင်တဲ့မင်းဟာ သိပ်ပြီးတန်ခိုးကြီးတယ်

မြေပြင်ကမ္ဘာ ဟိုကောင်းကင်ကြီးထက်မှာ
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့မင်းပေါ့ကွာ
ရှောင်လို့တိမ်းလို့ မလွတ်နိုင်ပါ
ကြုံဆုံတဲ့ မင်းနဲ့ဘ၀ ရှေ့ကို ဘယ်လိုမျိုးရင်ဆိုင်ရမှာ

(နောက်ဆုတ်ဖို့ကြိုးစားရင် ကိုယ်ရှေ့တိုးမိ
မေ့ပျောက်ဖို့အားထုတ်မှ ပိုမိုကာသတိရမိ/ သတိကရနေပြန်မိ )၂

မြေပြင်ကမ္ဘာ ဟိုကောင်းကင်ကြီးထက်မှာ
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့မင်းပေါ့ကွာ
ရှောင်လို့တိမ်းလို့ မလွတ်နိုင်ပါ
ကြုံဆုံတဲ့ မင်းနဲ့ဘ၀ ရှေ့ကိုဘယ်လိုမျိုးရင်ဆိုင်ရမှာ

(နောက်ဆုတ်ဖို့ကြိုးစားရင် ကိုယ်ရှေ့တိုးမိ
မေ့ပျောက်ဖို့အားထုတ်မှ ပိုမိုကာသတိရမိ/ သတိကရနေပြန်မိ )၂

အားနည်းချက်တွေရှိလို့ ရှောင်ဖို့ကြိုးစားခဲ့သူမှာ
အသည်းနှလုံးရဲ့ခြေလှမ်းကို တားလို့မရပါ

(နောက်ဆုတ်ဖို့ကြိုးစားရင် ကိုယ်ရှေ့တိုးမိ
မေ့ပျောက်ဖို့အားထုတ်မှ ပိုမိုကာသတိရမိ/ သတိကရနေပြန်မိ )၂

သီချင်း " Download " ယူချင်ရင် ->

Saturday, July 18, 2009

Big Bag - Telepank

အခုရက်ပိုင်းနားထောင်ဖြစ်တဲ့ Big Bag ရဲ့ နောက်ဆုံးထွက်တဲ့ Album ပါ။ သီချင်းစာသားလေးတွေကောင်းပါတယ်။ ကင်ဆာ နဲ့ ကြုံရင်ပြောပေးပါ သီချင်းကတော့ Big Bag ဆိုနေကြ သီချင်းအေးအေးကောင်းကောင်းလေးတွေပါ။ လက်ခံထားဆဲ သီချင်းက စိတ်မကောင်းစရာပေမယ့် နားထောင်လို့ကောင်းတာပဲ။ ခွင့်လွှတ်ပေးရမယ်ပေါ့ သီချင်းကတော့ စိတ်ရှုပ်နေရင် နားထောင်ရင်း၊ လိုက်ဆိုရင်း ပေါက်ကွဲလို့ကောင်းတယ်။ ကျွန်ုပ်၏အခြားတ၀က်ကတော့ နားထောင်ရင်း သူ့မိန်းမကို မျက်စိထဲမြင်လာတယ်။ ကျန်တဲ့သီချင်းတွေကတော့ နားထောင်ကြည့်ပေါ့နော်။ Big Bag သီချင်းကြိုက်သူများအတွက်လက်ဆောင်ပါ။
ok

Download Link : http://www.mediafire.com/?lyongtiznzi

credit to MMAclapclapclapclapclapclap

http://myanmarmp3album.com/2009/06/23/telepunk-big-bag/

Sunday, July 12, 2009

ပျောက်ဆုံးနေတဲ့... ကဗျာ..



ရင်ထဲမှာအပြည့်ရှိပြီး
လက်တွေ့မှာပျောက်ဆုံးနေတဲ့.....

အနီးဆုံးလို့ပြောပြီး
အဝေးဆုံးကိုပြေးထွက်နေတဲ့...
ယုံကြည်မှုတွေပုံအပ်ထားပြီး

လှဲ့စားမှုတွေအပြည့်နဲ့...

ပွင့်လင်းတယ်ပြောပြီး
ဝှက်ဖဲတစ်ချပ်ရှိနေတတ်တဲ့...

အမြဲရယ်မောနေတတ်ပြီး
မျက်ဝန်းမှာမျက်ရည်ဝဲနေတတ်တဲ့...
လူတွေကိုပျော်ရွှင်အောင်ဖန်တီးတတ်ပြီး

ရင်ထဲမှာငိုနေတတ်တဲ့...

ပြည့်စုံအောင်ဖန်တီးပေးပြီး
အဖြည့်ခံဖြစ်နေတတ်တဲ့...

ကြိုးအထပ်ထပ်ချည်နှောင်ခံရပြီး

ပျောက်ဆုံးနေတဲ့... ကဗျာ..


----->Phyu<-----

Wednesday, July 1, 2009

နေတတ်ချင်ပါတယ်


Whatever you give to life,it gives you back.
Do not hate anybody.
The hatred which comes out from you will someday comeback to you.
Love others. And Love will comeback to you.


For everything you have missed, you have gained something else;
And for everything you gain, you lose something else.
It is about your outlook towards life. You can either regret or rejoice.


Arrow goes forward only after pulling in to backward.
Bullet goes forward only after pressing the trigger backward.
Every human being will get happy
Only after facing the difficulties in their life path...
So do not afraid to face your difficulties.
They will push you forward.


Remember you are born to live.
Don't live because you are born!

Don't go the way life takes you..
Take life the way you go!!


What we are today is result of our own past actions;
Whatever we wish to be in future depends on our present actions;
Decide how you have to act now.
We are responsible for what we are, whatever we wish ourselves to be.
We have the power to make ourselves.


The most difficult phase of life
is not when no one understands you;
It is when you don't understand yourself.

Monday, June 29, 2009

အပေါစားယုံကြည်မှု



" အပေါစားယုံကြည်မှု"

ဘ၀တကွေ့မှာ

ခဏတွေ့တယ်ဆိုလဲ
ချစ်ချစ်ခင်ခင်နဲ့
တွေ့ဆုံကြုံကွဲတာ
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်...

ယုံကြည်မှုဆိုတဲ့စကားလုံးက
သုံးလဲုးထဲဆိုပေမယ့်
အတိုင်းအတာ အတိမ်အနက်
မသိသူအတွက်တော့
အပေါစားတခါသုံးဘောလ်ပင်တစ်ချောင်းပေါ့...

အသိခေါက်ခက်အ၀င်နက်သတဲ့
လှလှပပစကားလုံးတွေနဲ့
အလိမ်ခံရမှန်းမသိပဲ
ကိုယ်ကလွဲပြီး ကိုယ့်ဒူးထက်ပိုယုံမိတာ
ငါဆိုတဲ့ကောင်ကအမှတ်မရှိတာထင်ပါတယ်..

ဘ၀တစ်ကွေ့တဲ့
ခဏတွေ့ပေမယ့်လဲ..
ယူတတ်ရင်သင်ခန်းစာမို့
ဘယ်လိုပဲပဲဖြစ်ဖြစ်..
အရာအားလုံးအတွက်
အစဉ်အမြဲကျေးဇူးတင်နေမှာပါ...

---->Phyu<----

Saturday, June 27, 2009

Do You Know The " Y "Generation ?

The " Y " Generation : rolleyes

People born between 1925 and 1945....Are called...
The Silent Generation neutral

People born between 1946 and 1964...Are called....
The Baby Boomers razz

People born between 1965 and 1982...Are called....
Generation X . wink

People born after 1983...Are called....
Generation Y question

BUT......... Y
Why do we call the last group of people...Generation Y ?
I had no idea until I saw this caricaturist's explanation!
A picture is worth a thousand words!

v

v

v

v

v

v

v

v

v

pika21pika21pika21pika21pika21pika21