Sunday, November 22, 2009

စိတ်ကူးအလွမ်း



အကြောင်းမဲ့မဟုတ်ခဲ့ပေမယ့်
အကြောင်းပြချက်ဆိုတာတွေကလဲ

ပျောက်ဆုံးနေတယ်…

အချိန်မှန်မဟုတ်တော့ပေမယ့်

တိကျတဲ့အချိန်တွေကလဲ

ရွေ့လျားတိုက်စားကုန်တယ်…

အိပ်ပျက်ရက်တွေများနေပေမယ့်

ရှောင်လွှဲလို့မရနိုင်သေးတဲ့

မင်းအကြောင်းအိပ်မက်တွေကိုတော့

ရင်ဆိုင်နေရတုန်းပဲ..

ထိန်းချုပ်ရခက်ခဲပေမယ့်

အတွေးတိမ်တိုက်တွေနဲ့အတူ

သတိရစိတ်တွေကိုတော့

မင်းဆီအရောက် ရွက်လွှင့်မိနေတုန်းပဲ…

ပြောင်းလဲနေတဲ့မတည်မြဲခြင်းတွေကြားမှာ

ငါ့အတွက်မပြောင်းလဲနိုင်သေးတဲ့

အလွမ်းမြစ်တွေကတော့ စီးဆင်းနေတုန်းပဲ…

ယုံကြည်ချင်ပါတယ်.. ချစ်သူ..

"ကိုယ်တို့ရဲ့အနာဂတ်တွေကို

ကြည်ပြာရောင်အငွေ့အသက်နဲ့

လတ်ဆတ်တဲ့နေ့ကလေးများအဖြစ်

ဖန်ဆင်းအသက်သွင်းမယ့်...... "

တနေ့နေ့ကို.. ပြန်ဆုံတွေ့ခွင့်ရချင်တယ်။



---> Phyu <---

4 comments:

အနော် said...

ကြည်ပြာရောက်တောက်ပတဲ့ အနာဂတ်နေ့တွေ အမြန်ဆုံးရောက်ရှိပါစေ ဖြူရေ
ခနတာ ဝေးနေရမယ့် အချိန်တွေမှာ တစ်ဘဝတာအတွက် အားအသစ်တွေ မွေးထားပါနော်
အချစ်စစ်တိုင်းဟာ မဖြောင့်ဖြူးဘူးတဲ့ ဆိုရိုးစကားတွေနဲ့သာ သမားရိုးကျ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေ သူငယ်ချင်းလေးရေ

Anonymous said...

ယုံကြည်ချင်ပါတယ်.. ချစ်သူ..
"ကိုယ်တို့ရဲ့အနာဂတ်တွေကို
ကြည်ပြာရောင်အငွေ့အသက်နဲ့
လတ်ဆတ်တဲ့နေ့ကလေးများအဖြစ်
ဖန်ဆင်းအသက်သွင်းမယ့်...... "
တနေ့နေ့ကို.. ပြန်ဆုံတွေ့ခွင့်ရချင်တယ်။

တူလိုက်တဲ့ အကြောင်းအရာတွေပဲဗျာ . . . ကျွန်တော်လဲ အဲဒီလို ဆုတောင်းနေရတယ်ဗျာ
ကဗျာလေးက ကျွန်တော်ကိုထိရှစေတယ်

ဏီ(န်)ကင်း said...

ဆန္ဒနဲ့ဘ၀ထပ်တူကျပါစေဗျာ.... ကျွန်တော်လဲထပ်တူကျချင်နေတာ.... အဲ...အားလုံးလဲထပ်တူကျမှာပါ....ကဗျာလေးကချိုချိုလေးဗျ

vanko said...

ရိုးရိုးရှင်းရှင်း စာသားလေးတွေနဲ့ ကဗျာလေးက ရင်ထဲကို ထိထိရှရှပဲ စီးဝင်သွားတယ်။ မျှော်လင့်တဲ့ တစ်နေ့နေ့ကို အမြန်ဆုံးပဲ ပိုင်ဆိုင်နိုင်ခွင့်ရပါစေ..။