Tuesday, April 28, 2009

သင်ဟာဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာကို မေးခွန်းလေးတွေဖြေကြည့်ရအောင်နော်....

၁။ သွားချင်တဲ့နေရာတစ်ခုရွေးပါ
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကိုဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ.....

TYPE A: Congratulations!
သင်ဟာ တစ်ဖက်သားအပေါ် အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်၊ ချစ်သူရဲ့ မျက်လုံးထဲမှာ သင်ဟာချစ်စဖွယ် အလှကို ပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ။ သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီး လူတွေကို ဘယ်လိုပေါင်းသင်းရမယ်၊ အချိန်ကို ဘယ်လိုခွဲဝေအသုံးချရမယ် ဆိုတာကောင်းကောင်းသိသူပါ။ ဒါကြောင့်သင်ဟာလူတွေကြားမှာ အမြဲတမ်း ထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာ ဆန့်ကျင်ဘက်လူအပေါ် အလွယ်တကူတော့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အပေါ် လွယ်လွယ်ကူကူ ချစ်မိသွားဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဟာသဥာဏ်က လူတွေကို ပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲ သင်နဲ့အတူရှိရတာ ပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာ ဆန့်ကျင်ဘက်လူအပေါ် အလွယ်တကူ မဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ သင်ရှိနေတာ ကောင်းတယ်လို့ ထင်ရလောက်အောင် သင့်မှာကောင်းကွက်လေးတွေတော့ ရှိပါသေးတယ်။ သင်ဟာရိုးသားဖြူစင်ဖို့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့ လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့ သင်ဟာ ခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာ တစ်ဖက်သားအပေါ်မှာ လုံးဝကို ဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲ သိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲ သိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲ ရိုင်းပျစော်ကားတာမျိုး မလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာ ဆန့်ကျင်ဘက်တွေကြားမှာ သိပ်ပြီးမထင်ပေါ်သူပါ။


*** အခုတင်တဲ့ပိုစ့်ကတော့ ကိုယ့်မောင်လေးရဲ့ Facebook မှာတင်ထားတာကို ဖတ်ရင်းသဘောကျလို့ ခွင့်တောင်းပြီး ဘလော့မှာ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။ ပို့စ်တင်ခွင့်ပြုတဲ့ ပို့စ်ပိုင်ရှင် ( မြလေး - pancake.jily@gmail.com) နဲ့ မောင်လေးကိုကောင်း တို့ကို ကျေးဇူးတင်ပါတယ်နော်... ***

--->PHYU<---

Saturday, April 25, 2009

ရောက်တတ်ရာရာ.. အတွေးလေးများ



အခုရက်ပိုင်းတွေးမိတဲ့ အတွေးလေးတွေနဲ့ ဖြစ်ပျက်နေတာလေးတွေကို ချရေးကြည့်မိတာပါ.. လူ့စိတ်ဆိုတာက အချိန်နဲ့အညီ ပြောင်းလဲနေတာပဲ ဒီလူတစ်ယောက်က ပျော်ပျော်နေတတ်တယ် ဆိုပေမယ့် တနေ့ကို ၂၄ နာရီ တပါတ်ကို ၇ ရက် အချိန်ပြည့်ပျော်တဲ့သူများ ဒီကမ္ဘာပေါ်မှာရှိသလား.. ရူးနေတဲ့ အရူးတွေတောင် အခုရီ အခုငိုဖြစ်သေးတာပဲလေ... လူ့စိတ်ဆိုတာက မူနှစ်မျိုးနဲ့နေတာမဟုတ်လား `ခုတစ်မျိုး တော်ကြာတစ်မျိုး´ တဲ့ ..
ကိုယ်စိတ်ညစ်နေသလား ပျော်နေသလားမသိပဲ ( မသိဆို စိတ်ညစ်နေပါတယ်ဗျို့ဆိုပြီး ဒီမှာကြော်ငြာကပ်သလို ကပ်ထားတာမှ မဟုတ်တာနော် ) ပြောချင်တာပြော လုပ်ချင်တာလုပ်နေကြတော့လဲ ဖြစ်ပီပေါ့ ပြသနာပေါင်း သောင်းခြောက်ထောင်.. ကိုယ်ဆိုတဲ့ကောင်ကလဲ စိတ်ညစ်နေရင် စိတ်မကြည်ရင်တောင် နောက်လိုက်ပြောင်လိုက်နဲ့ ပျော်ပျော်နေတတ်ပေမယ့် စိတ်တိုဒေါသထွက်လာရင်တော့ တစ်ယောက်တည်း တိတ်တိတ်လေး ငြိမ်နေတတ်တာ စကားများများမပြောချင်တာ ( ပုံမှန်ဆို ကိုယ့်လောက်စကားများတဲ့သူမရှိဘူး ) အကျင့်လိုဖြစ်နေပြီ..
အဲ့လိုအချိန်ဆို ဖေဖေနဲ့မေမေ့ကို အရင်ဆုံးတမ်းတတယ် ဖေနဲ့မေ့ အသံကြားလိုက်ရရင် စိတ်နည်းနည်းပြေတယ် ပြီးတော့မှ ကိုယ်စိတ်ညစ်တာတွေကို ကိုယ့်အရင်းနှီးဆုံးသူတွေကို ရင်ဖွင့်ပြောပြ.. ပုံမှန်ပါပဲ.. တခါတလေ ကိုယ်ဖြစ်တတ်တဲ့ အကျင့်တစ်ခုက ကိုယ်စိတ်ညစ်ရင် သူများတွေကို ခါတိုင်းထက် လိုက်စ ရီစရာလိုက်ပြော လုပ်တတ်သေးတယ် အဲ့တော့လဲ ထင်ကြတာပေါ့လေ ဒီကလေးမ စိတ်ညစ်တယ်ဆိုတဲ့အချိန်ရှိသလားတဲ့.. သြော်.. တယ်ခက်ကြသကိုး..
ကိုယ့်ဆရာကြီးပြောပြောနေတဲ့ စကားလိုပေါ့ `မချိလို့ပေါ်တဲ့သွားကိုလ ရီသလားမေးကြတယ်.. မင်းဆိုရင်စိတ်နာလို့ ထမင်းတောင်မစားချင်တယ်´တဲ့ ဆရာကြီးပြောတဲ့ အဲ့စကားကိုပဲ မှတ်မိတယ် ဘယ်သူက ဘာဖြစ်ခါနီးပြောခဲ့တဲ့ စကားဆိုလားပဲ ပြောတော့ပြောတယ် ဟဲဟဲ မှတ်မိဘူး... ကဲကဲ တော်ပီ..ဒါပဲ.. စိတ်ကူးပေါက်တာ ထိုင်ရေးထားတာ...
( မျက်စိအညောင်းခံ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်.. နောက်တခါဆို ကော်ဖီတိုက်မယ် သိလား ... )

Friday, April 17, 2009

နှစ်ဆန်းတစ်ရက်နေ့

ဧပြီလမရောက်ခင်တည်းက ပြက္ခဒိန်ကိုကြည့်လိုက် သင်္ကြန်ရက်တွေကိုတွက်လိုက်ပေါ့.. မနှစ်ကဒီလိုအချိန်ဆို ဘယ်လိုပျားတုတ်နေတာ ဘယ်လောက်စိတ်တွေပူနေတာ ပြန်တွေးကြည့်ရင် ရေးရေးတော့ပေါ်သား..ဟဲဟဲ ဒီနှစ်သင်္ကြန်ရက်တွေကိုကြည့်လိုက်တော့ နှစ်ဆန်းတစ်ရက်နေ့က သောကြာနေ့တဲ့ ကျန်နေတဲ့ခွင့်တွေကိုတွက်လိုက် ခွင့်ယူရင်ကောင်းမလားပေါ့ စဉ်းစားလိုက် ကိုယ်တစ်ယောက်တည်းခွင့်ယူတော့လဲ အိမ်မှာပျင်းစရာ မုန့်လုံးရေပေါ်လဲလုပ်ချင်တယ်ပေါ့ တစ်ယောက်တည်းအတွေးတွေနဲ့ ဗျာများရင်းပဲ သင်္ကြန်ရက်တွေတောင် တစ်ရက်ပြီးတစ်ရက်ကျော်လွန်လာတယ်...
ဒါပေမယ့် မရည်ရွယ်ပဲလုပ်ချင်တာတွေက အဆင်ပြေပြေဖြစ်သွားတယ်.. ခွင့်ကလဲ ယူမယ်မယူဘူးနဲ့ ယူဖြစ်သွားတယ်.. unpaid leave ဖြစ်ချင်လဲဖြစ် ငါတော့ခွင့်ယူပြီးပြီ နင်လဲခွင့်တင်တော့ဆိုတဲ့ အန်တီချု့ရဲ့ မက်စေ့ခ်ျနဲ့ အလုပ်အရမ်းရှုပ်လို့ ညမိုးချုပ်မှပြန်ပြန်လာရတဲ့ အန်တီဒုံးကလဲ ခွင့်ယူမယ်ဆိုတော့ ဟာဟ အိုကေပေါ့... ပျော်ပျော်ကြီးကိုခွင့်တင်လိုက်တယ်.. ကဲ ဘာချက်ပြီးဘာလုပ်မလဲ ....................... အန်တီဇင် နဲ့ အန်တီချု့ တို့လက်စွမ်းပြမှုနဲ့ ကြက်သားဟင်း၊ ပုဇွန်ဟင်း ၊ အစိမ်းကြော် နဲ့ ရခိုင်ငပိဟင်း ကို Clementi က ရခိုင်ဘုန်းကြီးကျောင်းကိုဆွမ်းဟင်းပို့တယ်... ကိုယ့်ရဲ့လက်စွမ်းပြမှုကတော့ မုန့်လုံးရေပေါ်.. ကျွမ်းကျင်အဆင့်နံပါတ်တစ်ဆိုတော့လဲ မုန့်ကိုနယ်တာ ၃ ခါမြောက် ပြင်ပြီးတော့မှ အဆင်ပြေတယ် :D ရေများသွားလို့ ကောက်ညှင်းမှုန့်ရောလိုက် ဆန်မှုန့်ရောလိုက်နဲ့ ပြင်နေတာပဲ ၁ နာရီလောက်ကြာတယ် အဲ့လိုတော်တာ.. ခဏခဏပြင်ရပေမယ့် စားလို့တော့ကောင်းပါတယ် :P မယုံရင်စားကြည့်နော်.. ရခိုင်ဟင်းတွေလဲမြည်းကြည့်လို့ရတယ်.. အန်တီဒုံးလက်ရာ မုန့်လုံးရေပေါ်လဲပါတယ်နော်.. မနက် ၄ နာရီနှိုးမယ်လို့ပြောတဲ့သူကိုယ်တိုင်က မနက်၅ နာရီမှ ဇင်ဇင့် ရဲ့ မြနန္ဒာတီးလုံး နှိုးစက်သံနဲ့ နိုးပြီး သူ့ကိုလဲနှိုးလို့ပြောတဲ့ အန်တီဒုံးကတော့ မနက် ၆နာရိခွဲမှ အိပ်ယာကထပြီး မုန့်လုံးရေပေါ်ကို အိပ်ချင်မူးတူးထိုင်လုံးတာလေ... ကဲ အန်တီတို့ စိတ်ဆိုးနဲ့နော်.. :D





Sunday, April 12, 2009

မြို့တော်

".... မြို့တော်...."

မြေမရှိ ရေမရှိ
မွန်းကြပ်မှုအတိနဲ့ မြို့တော်....

အရာရာကိုငွေနဲ့ဖန်တီး
စေတနာတရားကင်းတဲ့ မြို့တော်...

အရယ်အပြုံးရှားပါး
အကြင်နာကင်းတဲ့ မြို့တော်...

ရိုသေလေးစားမှုမရှိ
ဘာသာတရားမရှိတဲ့ မြို့တော်...

သယံဇာတဆိုတာမရှိ..
အရာအားလုံး Export ဖြစ်တဲ့မြို့တော်...

အရာရာမှာ “complain”
ကျေနပ်နှစ်သိမ့်မှုကင်းတဲ့ မြို့တော်..။


-----> PHYU <-----
( complain ဆိုတာနဲ့ ဘယ်မြို့တော်ကိုပြောတာလဲဆိုတာ သိတယ်ဟုတ်.. ဟာဟ. )

Sunday, April 5, 2009

အချစ်ဆုံးကောင်မလေးပုံ...

မနှစ်ကချမ်ချမ်နဲ့ ဒီနှစ်ချမ်ချမ် တော်တော်ကွာသွားတယ်နော်... ချမ်ချမ် က ကလေးလေးတွေမွေးပြီးမှ ပိုဝလာတယ် ... ခွေးလေးလား ၀က်လေးလားတောင်မသိတော့ဘူး..


မနှစ်ကချမ်ချမ်ပုံပေါ့... သူ့ကိုဓါတ်ပုံရိုက်မှန်းသိတော့ ပဲများနေတာလေ

Saturday, April 4, 2009

"အတ္တ" ... နောက်ဆုံးလက်ကျန်

... တခါတလေ စိတ်ထွက်ပေါက်အဖြစ် ရေးဖြစ်တာလေးတဲ့...16 September 2008 မှတ်မှတ်ရရ

မွေးနေ့လက်ဆောင်

... ၂၀၀၈ မွေးနေ့အတွက် သူငယ်ချင်းပေးတဲ့ မွေးနေ့လက်ဆောင်

Thursday, April 2, 2009

မျှော်လင့်ချက်

... အဲ့ဒီအချိန်တွေတုန်းကနားထောင်မိတဲ့သီချင်းလေးကြောင့် ခံစားသီကုံးမိခဲ့သော...