Friday, April 17, 2009

နှစ်ဆန်းတစ်ရက်နေ့

ဧပြီလမရောက်ခင်တည်းက ပြက္ခဒိန်ကိုကြည့်လိုက် သင်္ကြန်ရက်တွေကိုတွက်လိုက်ပေါ့.. မနှစ်ကဒီလိုအချိန်ဆို ဘယ်လိုပျားတုတ်နေတာ ဘယ်လောက်စိတ်တွေပူနေတာ ပြန်တွေးကြည့်ရင် ရေးရေးတော့ပေါ်သား..ဟဲဟဲ ဒီနှစ်သင်္ကြန်ရက်တွေကိုကြည့်လိုက်တော့ နှစ်ဆန်းတစ်ရက်နေ့က သောကြာနေ့တဲ့ ကျန်နေတဲ့ခွင့်တွေကိုတွက်လိုက် ခွင့်ယူရင်ကောင်းမလားပေါ့ စဉ်းစားလိုက် ကိုယ်တစ်ယောက်တည်းခွင့်ယူတော့လဲ အိမ်မှာပျင်းစရာ မုန့်လုံးရေပေါ်လဲလုပ်ချင်တယ်ပေါ့ တစ်ယောက်တည်းအတွေးတွေနဲ့ ဗျာများရင်းပဲ သင်္ကြန်ရက်တွေတောင် တစ်ရက်ပြီးတစ်ရက်ကျော်လွန်လာတယ်...
ဒါပေမယ့် မရည်ရွယ်ပဲလုပ်ချင်တာတွေက အဆင်ပြေပြေဖြစ်သွားတယ်.. ခွင့်ကလဲ ယူမယ်မယူဘူးနဲ့ ယူဖြစ်သွားတယ်.. unpaid leave ဖြစ်ချင်လဲဖြစ် ငါတော့ခွင့်ယူပြီးပြီ နင်လဲခွင့်တင်တော့ဆိုတဲ့ အန်တီချု့ရဲ့ မက်စေ့ခ်ျနဲ့ အလုပ်အရမ်းရှုပ်လို့ ညမိုးချုပ်မှပြန်ပြန်လာရတဲ့ အန်တီဒုံးကလဲ ခွင့်ယူမယ်ဆိုတော့ ဟာဟ အိုကေပေါ့... ပျော်ပျော်ကြီးကိုခွင့်တင်လိုက်တယ်.. ကဲ ဘာချက်ပြီးဘာလုပ်မလဲ ....................... အန်တီဇင် နဲ့ အန်တီချု့ တို့လက်စွမ်းပြမှုနဲ့ ကြက်သားဟင်း၊ ပုဇွန်ဟင်း ၊ အစိမ်းကြော် နဲ့ ရခိုင်ငပိဟင်း ကို Clementi က ရခိုင်ဘုန်းကြီးကျောင်းကိုဆွမ်းဟင်းပို့တယ်... ကိုယ့်ရဲ့လက်စွမ်းပြမှုကတော့ မုန့်လုံးရေပေါ်.. ကျွမ်းကျင်အဆင့်နံပါတ်တစ်ဆိုတော့လဲ မုန့်ကိုနယ်တာ ၃ ခါမြောက် ပြင်ပြီးတော့မှ အဆင်ပြေတယ် :D ရေများသွားလို့ ကောက်ညှင်းမှုန့်ရောလိုက် ဆန်မှုန့်ရောလိုက်နဲ့ ပြင်နေတာပဲ ၁ နာရီလောက်ကြာတယ် အဲ့လိုတော်တာ.. ခဏခဏပြင်ရပေမယ့် စားလို့တော့ကောင်းပါတယ် :P မယုံရင်စားကြည့်နော်.. ရခိုင်ဟင်းတွေလဲမြည်းကြည့်လို့ရတယ်.. အန်တီဒုံးလက်ရာ မုန့်လုံးရေပေါ်လဲပါတယ်နော်.. မနက် ၄ နာရီနှိုးမယ်လို့ပြောတဲ့သူကိုယ်တိုင်က မနက်၅ နာရီမှ ဇင်ဇင့် ရဲ့ မြနန္ဒာတီးလုံး နှိုးစက်သံနဲ့ နိုးပြီး သူ့ကိုလဲနှိုးလို့ပြောတဲ့ အန်တီဒုံးကတော့ မနက် ၆နာရိခွဲမှ အိပ်ယာကထပြီး မုန့်လုံးရေပေါ်ကို အိပ်ချင်မူးတူးထိုင်လုံးတာလေ... ကဲ အန်တီတို့ စိတ်ဆိုးနဲ့နော်.. :D





5 comments:

chocothazin said...

ဟိုက်ရှာလပါး..
ဗိုက်ဆာတယ်ဟေ့
အိမ်လိပ်စာပြောပါ..
ဒီလိုအိမ်မျိုးချောင်းပေါက်အောင်လာလည်ပါ့မယ်
ဟဲဟဲ

မိုးခါး said...

အား
စားချင်တယ်
း(

မိုးခါး said...

နောက်မှထပ်လာမယ်နော်း)

ဖြူ said...

ညီမလေးသဇင် ရေ.. နောက်တခါဆို ဖုန်းဆက်လိုက်မယ်နော်... :)

ဖြူ said...

ညလေးမိုးခါးရေ.. စားချင်ရင် အ၀သာစားသွားနော် အားမနာနဲ့သိလား.. ဟဲဟဲ... လာလည်လို့ကျေးဇူးတင်ပါတယ်နော်..