Sunday, April 12, 2009

မြို့တော်

".... မြို့တော်...."

မြေမရှိ ရေမရှိ
မွန်းကြပ်မှုအတိနဲ့ မြို့တော်....

အရာရာကိုငွေနဲ့ဖန်တီး
စေတနာတရားကင်းတဲ့ မြို့တော်...

အရယ်အပြုံးရှားပါး
အကြင်နာကင်းတဲ့ မြို့တော်...

ရိုသေလေးစားမှုမရှိ
ဘာသာတရားမရှိတဲ့ မြို့တော်...

သယံဇာတဆိုတာမရှိ..
အရာအားလုံး Export ဖြစ်တဲ့မြို့တော်...

အရာရာမှာ “complain”
ကျေနပ်နှစ်သိမ့်မှုကင်းတဲ့ မြို့တော်..။


-----> PHYU <-----
( complain ဆိုတာနဲ့ ဘယ်မြို့တော်ကိုပြောတာလဲဆိုတာ သိတယ်ဟုတ်.. ဟာဟ. )

3 comments:

လင်းကြယ်ဖြူ said...

ကောင်းတယ်ဗျာ။အဲ့ဒီ့မြို့တော်..
အင်းး...ဘယ်တော့မှ တန်ဖိုးရှိလာမလဲ နော်
လင်းကြယ်ဖြူ

ဖြူ said...

အရာတိုင်း နေရာတိုင်းမှာ complain ဖြစ်နေတော့ ဘယ်တော့မှ ကျေနပ်နှစ်သိမ့်မှုဆိုတာ မရှိဘူးလေ.. တခါတလေ သူတို့ရဲ့ ရောင့်ရဲတိင်းတိမ်နိုင်မှုမရှိတာတွေက ရီရတယ်.. မြင်ရကြားရတာစိတ်လေလွန်းလို့ ကဗျာရေးဖြစ်သွားတာ :P

ဝေမင်းအိမ် said...

ဟုတ်တယ်ဗျို့ ။အမှန်ပဲ