Tuesday, April 28, 2009

သင်ဟာဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာကို မေးခွန်းလေးတွေဖြေကြည့်ရအောင်နော်....

၁။ သွားချင်တဲ့နေရာတစ်ခုရွေးပါ
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကိုဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ.....

TYPE A: Congratulations!
သင်ဟာ တစ်ဖက်သားအပေါ် အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်၊ ချစ်သူရဲ့ မျက်လုံးထဲမှာ သင်ဟာချစ်စဖွယ် အလှကို ပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ။ သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီး လူတွေကို ဘယ်လိုပေါင်းသင်းရမယ်၊ အချိန်ကို ဘယ်လိုခွဲဝေအသုံးချရမယ် ဆိုတာကောင်းကောင်းသိသူပါ။ ဒါကြောင့်သင်ဟာလူတွေကြားမှာ အမြဲတမ်း ထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာ ဆန့်ကျင်ဘက်လူအပေါ် အလွယ်တကူတော့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အပေါ် လွယ်လွယ်ကူကူ ချစ်မိသွားဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဟာသဥာဏ်က လူတွေကို ပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲ သင်နဲ့အတူရှိရတာ ပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာ ဆန့်ကျင်ဘက်လူအပေါ် အလွယ်တကူ မဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ သင်ရှိနေတာ ကောင်းတယ်လို့ ထင်ရလောက်အောင် သင့်မှာကောင်းကွက်လေးတွေတော့ ရှိပါသေးတယ်။ သင်ဟာရိုးသားဖြူစင်ဖို့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့ လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့ သင်ဟာ ခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာ တစ်ဖက်သားအပေါ်မှာ လုံးဝကို ဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲ သိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲ သိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲ ရိုင်းပျစော်ကားတာမျိုး မလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာ ဆန့်ကျင်ဘက်တွေကြားမှာ သိပ်ပြီးမထင်ပေါ်သူပါ။


*** အခုတင်တဲ့ပိုစ့်ကတော့ ကိုယ့်မောင်လေးရဲ့ Facebook မှာတင်ထားတာကို ဖတ်ရင်းသဘောကျလို့ ခွင့်တောင်းပြီး ဘလော့မှာ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။ ပို့စ်တင်ခွင့်ပြုတဲ့ ပို့စ်ပိုင်ရှင် ( မြလေး - pancake.jily@gmail.com) နဲ့ မောင်လေးကိုကောင်း တို့ကို ကျေးဇူးတင်ပါတယ်နော်... ***

--->PHYU<---

5 comments:

anonymous said...

အနော်က type B တဲ့ ခွိခွိ

chocothazin said...

type A တဲ့ကွ ဟာဟ
မှန်တယ်လို့ ပြောရမှာပေါ့ ဟီး။ ကောင်းတာတွေပဲမို့ လို့။

♥ Acacia ♥ said...

Type A ရွေးသွားတယ် အဟိ အဖြေတွေဖြေလည်း Type A ပဲရမှာဆိုတော့ မဖြေတော့ဘူး :P

ဖြူ said...

ဘယ်အနော်လဲကွ.. type B သွားတာ :P

ညလေး သဇင် က ကောင်းလို့မှန်တာလား.. မှန်လို့ကောင်းတာလား..

ယု.. ရွေးပြီးယူသွားတာလား ဖြေပြီးယူသွားတာလား နာ တိတယ်နော် .. ဟင်းဟင်းဟင်း ...

neking said...

ကျွန်တော် တော်တော်ညံ့တာပဲ။ မေးခွန်းနံပါတ်၉မှာ B ကိုရွေးပြီးတော့
အောက်မှအဖြေကိုကြည့်ပါကိုသေချာမဖတ်ပဲနဲ့
အောက်ကဟာကိုဖြေပါထင်လို့ထပ်ဖြေလိုက်တယ်။ D ပါတဲ့ ။ ဟဲဟဲ (အမှန်က A ရထားတာနော်။ ဂရုမစိုက်မိတဲ့အကျိုးကြောင့် D ဖြစ်သွားတာနော်)