အရိပ်မဲ့တိမ်တွေကြားမှာ
ခပ်ပါးပါးလေးလွင့်မျောလိုက်တယ်...
ရိုးရိုးလေးပါပဲ....
လေနှင်ရာအတိုင်းရွက်ကုန်ကိုဖွင့်
ခပ်စပ်စပ်လေး ခရီးနှင်ကြည့်လိုက်တယ်...
ဖြည်းဖြည်းလေးပါပဲ...
အရာအားလုံးကိုကျောခိုင်းလို့
ငါ့မျှော်လင့်ခြင်းတွေကို မေ့ပြစ်လိုက်တယ်...
ခဏလေးပါပဲ...
အေးချမ်းတဲ့ လေပြေလေညှင်းလေးနဲ့
ကြည်ကြည်နူးနူး ငါပျော်မြူးမိတယ်...
တိုးတိုးလေးပါပဲ...
ချစ်ခင်နူးညံ့မှုအပြည့်နဲ့
အသံလေးတစ်ခုငါကြားလိုက်တယ်...
ရေးရေးလေးပါပဲ...
ကြင်နာခြင်းအပြည့်နဲ့
နွေးထွေးတဲ့ လက်အစုံကကမ်းလင့်နေတယ်...
ပြုံးပြုံးလေးပါပဲ...
ရည်ရွယ်ရာကိုလျှောက်လှမ်းဖို့
အဖြေတစ်ခုကအသင့်ရှိနေတယ်...
*** ဖြူ ***