

ဘယ်ကစရေးရမလဲဆိုတော့ ဖြူ စကာင်္ပူကို စရောက်ခါစ အချိန်ကစရေးမယ်။ ဖြူ ရောက်ရောက်ချင်း နေတဲ့အိမ်က တော်တော်ကျယ်ပါတယ်။ တအိမ်လုံး သူငယ်ချင်းတွေပဲစုနေတော့ ပျော်စရာလဲကောင်းပါတယ်။ အခန်း၃ခန်းရှိတဲ့ အိမ်မှာ နဲနဲပိုကျယ်တဲ့ common room မှာ သူငယ်ချင်း၅ယောက် မွေ့ယာတွေခင်းပြီး ပူးကပ်အိပ်ခဲ့ကြတယ်။ စစရောက်ချင်းမှာ ၄ယောက်ပေမယ့် ဖြူနဲ့တပါတ်ခြားပြီး လူကောင်ထွားထွားသေးသေး၊ အရပ်ကပုပုရှည်ရှည်၊ အသားကအဖြူblack ကာလာနဲ့ အမတစ်ယောက် ရောက်လာတယ်လေ။ ထူးဆန်းတာတစ်ခုက မွေးနေ့၊လနဲ့ခုနှစ်ကို သေချာတွက်ရင် အမက ဖြူ့ထက် တစ်နှစ်တိတိကြီးပါတယ်။ မွေးလတူ၊ Zodiac sign "virgo" လဲတူတော့ စရိုက်ကလဲ တချို့တ၀က်နဲ့ အကုန်နီးပါးတူပါတယ်။
မတည့်အတူနေပါ။ တခါမှရန်မဖြစ်ဖူးပါဘူး။ ဖြူကခဏခဏတော့ စိတ်ကောက်ပါတယ်။ အမက ခဏခဏချော့ရပါတယ်။ ဖြူအမှားလုပ်မိရင်လဲ အမစိတ်မပြေမချင်း ကပ်ပြီးချွဲတတ်ပါတယ်။ အဲ့လိုအချိန်ဆို ချစ်သောအမက အမြဲပြောတတ်ပါတယ်.. လူလည်မ၊ ကြမ်းပိုးမတဲ့ အခုနောက်ပိုင်း စကားလုံးတစ်လုံးထပ်တိုးလာပါတယ် ဘာတဲ့ ပန်ကာမတဲ့။ အိမ်နဲ့ဝေး၊ မိသားစုနဲ့ဝေးပေမယ့် မိသားစုနွေးထွေးမှု အပြည့်ပေးတဲ့ အမကို အမြဲကျေးဇူးတင်ပါတယ်။ ဖြူစိတ်ညစ်တိုင်း၊ ၀မ်းနည်းတိုင်း တိုင်ပင်စရာ၊ ရင်ဖွင့်စရာ ဖြူ့ရဲ့အမအရင်းတစ်ယောက်လိုပါပဲ။ ကျောင်းပြီးလို့ အိမ်တော်ပြန်သွားတဲ့ သူငယ်ချင်းတွေနဲ့၊ အလုပ်နဲ့နီးတဲ့ နေရာကိုပြောင်းတဲ့ သူငယ်ချင်းတွေနဲ့ဆိုတော့ အခု အမနဲ့ဖြူနဲ့ နှစ်ယောက်ပဲကျန်ခဲ့တော့တယ်။ စကာင်္ပူကိုရောက်ပြီး မကောက်ပဲရခဲ့တဲ့ အဲ့လိုချစ်စရာကောင်းတဲ့ အမရဲ့ မွေးနေ့ကဒီနေ့ပါ။ ချစ်သောအမတစ်ယောက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။ လိုအပ်သော ဆန္ဒများ၊ လိုချင်တောင့်တသော အရာများ၊ ဖြစ်ချင်သည့်အကြောင်းအရာများ အားလုံးလဲ တောင့်တလိုက်တိုင်းမှာ ချက်ချင်းလက်ငင်းပြည့်ဝပါစေ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..... ချစ်မ ... မွ...စ်



3 comments:
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ် ချစ်တဲ့ဖြူရဲ့ ချစ်သောအမရေ..
ရင်ဖွင့်ဖော် မောင်နှမအရင်းလိုအချစ်မျိုးနဲ့ စိတ်တူကိုယ်တူ ညီအမတွေဖြစ်ခွင့်ရတာ ကံကောင်းလို့ပါနော် ဖြူ....
အပျင်းလေးဖြူကမှ ချစ်တဲ့အမအတွက် အမှတ်တရပို့စ်တစ်ပုဒ်ရေးနိုင်သေးတယ်.. အနော်ကတော့ .. :P ခွိခွိ
ပျော်ရွှင်စရာ ကောင်းသော မွေး
နေ့ လေးဖြစ်ပါစေနော်...း)
မွေးနေ့ပိုစ်တင်ပေးသော ဘလော့ပိုင်ရှင်နှင့်အတူ ဘလော့ပိုင်ရှင်သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်. . . . ပျော်ရွှင်ချမ်းမြေ့ပါစေ. . .
Post a Comment