Saturday, August 14, 2010

Dream ...

တိတ်တိတ်လေးပါပဲ..
အရိပ်မဲ့တိမ်တွေကြားမှာ

ခပ်ပါးပါးလေးလွင့်မျောလိုက်တယ်...


ရိုးရိုးလေးပါပဲ....

လေနှင်ရာအတိုင်းရွက်ကုန်ကိုဖွင့်

ခပ်စပ်စပ်လေး ခရီးနှင်ကြည့်လိုက်တယ်...


ဖြည်းဖြည်းလေးပါပဲ...

အရာအားလုံးကိုကျောခိုင်းလို့

ငါ့မျှော်လင့်ခြင်းတွေကို မေ့ပြစ်လိုက်တယ်...


ခဏလေးပါပဲ...

အေးချမ်းတဲ့ လေပြေလေညှင်းလေးနဲ့

ကြည်ကြည်နူးနူး ငါပျော်မြူးမိတယ်...


တိုးတိုးလေးပါပဲ...

ချစ်ခင်နူးညံ့မှုအပြည့်နဲ့

အသံလေးတစ်ခုငါကြားလိုက်တယ်...


ရေးရေးလေးပါပဲ...

ကြင်နာခြင်းအပြည့်နဲ့

နွေးထွေးတဲ့ လက်အစုံကကမ်းလင့်နေတယ်...


ပြုံးပြုံးလေးပါပဲ...

ရည်ရွယ်ရာကိုလျှောက်လှမ်းဖို့

အဖြေတစ်ခုကအသင့်ရှိနေတယ်...

*** ဖြူ ***

3 comments:

အနော် said...

ချစ်ဖို့ကောင်းတဲ့ ကဗျာလေး..
အိပ်မက် တဲ့လား ဖြူ...

noblemoe said...

ကဗျာလေးကကြည်နူးစရာလေး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ပေါ့ဆိမ့် said...

တိုးတိုးလေးပါပဲ ...
ကြည်ဆယ်ကာ ပျောက်မသွားစေဖို့
ရည်ရွယ်ကာ ငါဆုချွေမိတယ် ...

ဘာရယ်မဟုတ်ဘူး ကဗျာလေး သဘောကျသွားလို့ ထပ်စပ်ချင်စိတ် ဖြစ်လာတာနဲ့ ကောက်ရေးလိုက်မိပါတယ် ..

ခင်မင်စွာဖြင့်
ဆင်တဲကဖေး မိသားစု