Sunday, February 21, 2010

သူငယ်ချင်း


နင့်ရင်ခုန်သံတွေကို ရင်ဖွင့်ဖို့
ငါ့ဖုန်းလေးကို အမြဲဖွင့်ထားမယ်
နင်စိတ်ညစ်ရင် ဖြေသိမ့်ဖို့
ဟာသလေးတွေစုထားမယ်
နင်အားငယ်နေရင် အားပေးဖို့
ယုံကြည်ချက်တွေ ကိုယ်စီသိကြမယ်
နင်ဝမ်းနည်းရင် ငိုကြွေးဖို့
င့ါပခုံးတစ်ဘက် နင့်အတွက် အမြဲအသင့်ရှိမယ်။

ယုံကြည်ရာကို ရွက်လွှင့်
အနေဝေးလဲ ငါတို့တွေက
အမြဲထာဝရ သူငယ်ချင်းပဲလေ
နင့်ခံစားချက်တွေမျှဝေဖို့
ငါ့အတွက်အချိန်မလိုပါဘူး
နင်လိုရင် အဆင်သင့်
သူငယ်ချင်းဆိုတဲ့ အသိနဲ့တင်
နင့်အတွက် အမြဲအဆင်သင့်ပါ။

*၂၀၀၅ ခုနှစ်တည်းက ခံစားချက်မှန်သမျှ အပြန်အလှန် ရင်ဖွင့်ခဲ့ကြတဲ့ အခင်ဆုံးသူငယ်ချင်း အတွက် အမှတ်တရ *

Sunday, February 14, 2010

တခါက..


တခါက ...
လှလှပပ ထုပ်ပိုး
လက်ဆောင်လေးတွေပို့ခဲ့ဖူးတယ်။

တခါက...
ရေမွှေးနံ့သင်းသင်း
နှင်းဆီတခြင်းလဲရခဲ့ဖူးတယ်။

တခါက..

စကားသံချိုချို
ဆုတောင်းသံလေးတွေကြားခဲ့ဖူးတယ်။


တခါက..

မာယာကင်းကင်းနဲ့

အိမ်မက်တွေကို တည်ဆောက်ဖို့ တိုင်ပင်ဖူးတယ်။


တခါက..

ရင်ခုန်သံကပိုကယိုနဲ့

ဆုံတွေ့ဖို့ဆုတောင်းရင်း ညီမျှခြင်းတွေ ညှိခဲ့ဖူးတယ်။

တခါက...
မျှော်လင့်ခြင်းတွေနဲ့ရူး

အိမ်မက်တွေထဲ အလဲလဲအကွဲကွဲ ကျရှုံးဖူးတယ်။


တခါက..

အိပ်ပျက်ရက်တွေထဲ
ငါ့မျက်ဝန်းတွေလဲ ပူနွေးဖူးတယ်။


ဒီလိုနဲ့ပဲ ... တခါက ...

အမှတ်တရတွေကို
တခါတခါသတိရတတ်သေးတယ်။

Saturday, February 13, 2010

Valentine ပေါက်ကရ

နူးညံ့လွန်းခဲ့သော ငါပေးဆပ်ခဲ့အချစ်
မင်းမမြင်ခဲ့တာလား တမင်မေ့ပစ်တာလား

မင်းပြန်တုန့်ပြန်သောေ၀၀ါးလွန်းတဲ့အချစ်

ငါ့ရဲ့အချစ်တွေနဲ့ ညီမျှခြင်းရှိပါ့မလား
.......
......
မဖြစ်နိုင်မှန်းသိရက်နဲ့ပဲ
မျှော်လင့်ရင်း ငါရူးနေဆဲ
ဒီညတမ်းတမိတဲ့ ငါ့ကြယ်စင်လေးဝေးးး.... တကယ်ဝေး

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ

ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ

မြူမှုန်တွေနဲ့ခြေသံလေး နင်ပြန်မလာတော့ဘူးလား ...

... ...

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


လေပြေရေ သယ်ဆောင်လာခဲ့ပါ ငါ့စိတ်က သတိရလို့လေ

...

...

မင်းအမည်လေးတမ်းတ ငါရေရွတ်လို့ ရမ်းယောင်ခေါ်နေဆဲ

ဟေး ဒီအချိန်ပြန်တွေ့ရင်တော့ကွာ ဘယ်လိုများတုန့်ပြန်မလဲ
...

...

...

ဆုံးရှုံးလို့သွားပေမယ့်

မျှော်လင့်ချက်ကတော့ထားပြီး အသက်ဆက်ချင်သေးတယ်


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ

ဟိုအရင်အချိန်တွေရယ် အတိတ်သစ်ပြန်လာ

ခြေသံတစ်စုံတစ်ရာရယ် မကြားမိပါလား

အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


မလွမ်းလောက်ပါဘူး မလွမ်းသင့်တော့ဘူး..

သိရက်သားနဲ့ဇွတ်တရွတ်ရူး ဘာလုပ်ရမှန်းကို မသိတော့ဘူး..

မလွမ်းလောက်ပါဘူး ဘယ်လိုမှမလွမ်းသင့်ပါဘူး...


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


ချွေးစက်များနှင့်ဘ၀ဟာ မောပန်းနေလည်း အားပေးတတ်တဲ့ချစ်သူနားမှာရှိတယ်

နူးညံ့ခြင်းနဲ့အချစ်တွေရှေ့ဆက်နိုင်ဖို့ နှလုံးသားများနဲ့ဘ၀ကို တည်ဆောက်ကြမယ်

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်းရေ

မကြာခင်ပြန်ဆုံပါရစေ တို့ဆုတောင်းရင်းလေ

စိတ်ထဲမှာမှန်းမျှော်ပြန်ပြီးတွေး ဘယ်သူအကြင်နာဆုံးလေ

အတိတ်ကိုလှမ်းကြည့်လှည့် အို မြင်နိုင်မယ်ဆို အို လှမ်းလို့လာခဲ့လေ

ပန်ဆင်ဖို့ပန်းလေးလို ပွင့်လန်းနေ ..


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥


ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ

တစ်ခါ တစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ

ကိုယ်ပျော်ရင် သူလည်းပျော်မယ် ကိုယ်ငိုရင် သူလည်းငိုမယ်

တစ်ခါတစ်လေများ အပြင်ပြဿနာတွေ ယူလာပြီးသူစိတ်မချမ်းသာအောင် ....

ပြန်လည်တွေးတိုင်းသနားလို့လာတယ် ဘယ်သူနဲ့မှမတူဘူး အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘာရယ်ညာရယ် မဟုတ်ဘူး နားထောင်ဖြစ်တဲ့သီချင်းစာသားတွေချရေးထားတာ :P

razz