Saturday, April 25, 2009

ရောက်တတ်ရာရာ.. အတွေးလေးများ



အခုရက်ပိုင်းတွေးမိတဲ့ အတွေးလေးတွေနဲ့ ဖြစ်ပျက်နေတာလေးတွေကို ချရေးကြည့်မိတာပါ.. လူ့စိတ်ဆိုတာက အချိန်နဲ့အညီ ပြောင်းလဲနေတာပဲ ဒီလူတစ်ယောက်က ပျော်ပျော်နေတတ်တယ် ဆိုပေမယ့် တနေ့ကို ၂၄ နာရီ တပါတ်ကို ၇ ရက် အချိန်ပြည့်ပျော်တဲ့သူများ ဒီကမ္ဘာပေါ်မှာရှိသလား.. ရူးနေတဲ့ အရူးတွေတောင် အခုရီ အခုငိုဖြစ်သေးတာပဲလေ... လူ့စိတ်ဆိုတာက မူနှစ်မျိုးနဲ့နေတာမဟုတ်လား `ခုတစ်မျိုး တော်ကြာတစ်မျိုး´ တဲ့ ..
ကိုယ်စိတ်ညစ်နေသလား ပျော်နေသလားမသိပဲ ( မသိဆို စိတ်ညစ်နေပါတယ်ဗျို့ဆိုပြီး ဒီမှာကြော်ငြာကပ်သလို ကပ်ထားတာမှ မဟုတ်တာနော် ) ပြောချင်တာပြော လုပ်ချင်တာလုပ်နေကြတော့လဲ ဖြစ်ပီပေါ့ ပြသနာပေါင်း သောင်းခြောက်ထောင်.. ကိုယ်ဆိုတဲ့ကောင်ကလဲ စိတ်ညစ်နေရင် စိတ်မကြည်ရင်တောင် နောက်လိုက်ပြောင်လိုက်နဲ့ ပျော်ပျော်နေတတ်ပေမယ့် စိတ်တိုဒေါသထွက်လာရင်တော့ တစ်ယောက်တည်း တိတ်တိတ်လေး ငြိမ်နေတတ်တာ စကားများများမပြောချင်တာ ( ပုံမှန်ဆို ကိုယ့်လောက်စကားများတဲ့သူမရှိဘူး ) အကျင့်လိုဖြစ်နေပြီ..
အဲ့လိုအချိန်ဆို ဖေဖေနဲ့မေမေ့ကို အရင်ဆုံးတမ်းတတယ် ဖေနဲ့မေ့ အသံကြားလိုက်ရရင် စိတ်နည်းနည်းပြေတယ် ပြီးတော့မှ ကိုယ်စိတ်ညစ်တာတွေကို ကိုယ့်အရင်းနှီးဆုံးသူတွေကို ရင်ဖွင့်ပြောပြ.. ပုံမှန်ပါပဲ.. တခါတလေ ကိုယ်ဖြစ်တတ်တဲ့ အကျင့်တစ်ခုက ကိုယ်စိတ်ညစ်ရင် သူများတွေကို ခါတိုင်းထက် လိုက်စ ရီစရာလိုက်ပြော လုပ်တတ်သေးတယ် အဲ့တော့လဲ ထင်ကြတာပေါ့လေ ဒီကလေးမ စိတ်ညစ်တယ်ဆိုတဲ့အချိန်ရှိသလားတဲ့.. သြော်.. တယ်ခက်ကြသကိုး..
ကိုယ့်ဆရာကြီးပြောပြောနေတဲ့ စကားလိုပေါ့ `မချိလို့ပေါ်တဲ့သွားကိုလ ရီသလားမေးကြတယ်.. မင်းဆိုရင်စိတ်နာလို့ ထမင်းတောင်မစားချင်တယ်´တဲ့ ဆရာကြီးပြောတဲ့ အဲ့စကားကိုပဲ မှတ်မိတယ် ဘယ်သူက ဘာဖြစ်ခါနီးပြောခဲ့တဲ့ စကားဆိုလားပဲ ပြောတော့ပြောတယ် ဟဲဟဲ မှတ်မိဘူး... ကဲကဲ တော်ပီ..ဒါပဲ.. စိတ်ကူးပေါက်တာ ထိုင်ရေးထားတာ...
( မျက်စိအညောင်းခံ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်.. နောက်တခါဆို ကော်ဖီတိုက်မယ် သိလား ... )

4 comments:

မိုးခါး said...

တကယ်က ကိုယ့်ဝမ်းနာ ကိုယ်သာသိနော်
ဘယ်သူက သိနိုင်မှာလဲ
ပျော်ရွှင်ပါစေနော်

chocothazin said...

စိတ်ညစ်တာတွေကို ရင်ဖွင့်ပြောချင်တယ်ဆိုရင် အချိန်မရွေး အဆင်သင့်ပါပဲနော်။
ကြိုက်သလိုပြောပြပါ။
နားထောင်ပေးပါ့မယ်။
ကော်ကော်တော့တိုက်နော် ဟီး

ဖြူ said...

ဟုတ်တယ် မိုးခါးရေ.. လူပဲလေ တခါတလေတော့ စိတ်က မြက်စား အဲ .. ညစ်တတ်တာပေါ့နော်.. :P

ဖြူ said...

ကျေးဇူးပါ ချစ်ညီမလေးသဇင်ရေ..ကော်ကော် ကြိုက်တဲ့သူ အချင်းချင်းပဲ ပြောနေစရာတောင်မလိုဘူးနော် အိမ်လာခဲ့လေ ကော်ဖီကိုရှယ်ဖျော်ပြီးတိုက်မယ် :)