Wednesday, October 28, 2009

why ?

ဘာကြောင့်လဲ...
နီးနီးလေးလို့ ယူဆမိချိန်မှာ
အဝေးဆုံးမှာရှိနေဆဲလို့ခံစားမိတာ....

ဘာကြောင့်လဲ...
နားလည်နိုင်ဆုံးလို့ ခံယူမိချိန်မှာ
ကိုယ့်အသိဥာဏ်တွေက ဗလာအကျင်းဖြစ်နေတာ...

ဘာကြောင့်လဲ...
အရာအားလုံးကိုပေးဆပ်ဖို့ ကြိုးစားမိချိန်မှာ
ကိုယ့်ဆီမှာဘာမှမရှိတော့တာ...

ဘာကြောင့်လဲ...
ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ကြိုးစားချိန်တိုင်းမှာ
အမှတ်မထင် ရောက်ရောက်လာတတ်တာ...

ဘာကြောင့်လဲ...
ကိုယ့်ယုံကြည်ချက်တွေ အနက်ရှိုင်းဆုံးအချိန်မှာ
ကိုယ့်မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတာ...

ဘာကြောင့်လဲ...
ငါ့ပျှော်ရွှင်မှုတိုင်း နောက်မှာ
ဝမ်းနည်းခြင်းဆိုတာက အရိပ်လိုကပ်နေတာ..

ဘာကြောင့်လဲ...
ငါမက်ခဲ့တဲ့ အိမ်မက်တွေ
အကြိမ်ကြိမ် အခါခါ ပြိုလဲခဲ့ရတာ...

ဘာကြောင့်လဲ.........................................

4 comments:

အနော် said...

ဘာကြောင့်လဲ...
ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ကြိုးစားချိန်တိုင်းမှာ
အမှတ်မထင် ရောက်ရောက်လာတတ်တာ...
အားပါးးးးးးးးးးးး ဖြူရေ
အဲ့ဒီလိုအတွေးကြောင့် သုံးည အိပ်ပျက်ခဲ့ရတာလေ
အခု ကဗျာအသစ်လေး လာဖတ်ချိန်မှာ ရင်ထဲမှာ လင်းသွားတာပဲ
ကျေးဇူးပါနော်

ဏီ(န်)ကင်း said...

ဟ ဟ...ကဗျာလေးကကောင်းတယ်။
ကဗျာဖွဲ့ဆိုပုံကတစ်မျိုးလေးဆန်းတယ်။
အဲဒိလိုဖွဲ့ဆိုတာကိုဘာလို့ခေါ်လဲဟင်။
ကျွန်တော်လဲအဲဒိလိုမျိုးကဗျာလေးတွေရေးရေးမိတတ်လို့ဗျ ။ လာမြည်းကြည့်နော် ပုံစံအတူတူပဲ

မှန်တယ်ဒါပေမယ့်တဲ့ဗျ

Anonymous said...

ရောက်တယ် ဖြူရေ ကဗျာလေး ကောင်းလွန်းတယ်

DreamWorld2009 said...

ကဗျာလေးက အရမ်းကောင်းတာပဲ..