Wednesday, September 2, 2009

ဟိုရောက်.. ဒီရောက်

အာသီးရောင်၊ လည်ချောင်းနာတာကို အကြောင်းပြပြီး မနေ့ကနေ့တစ်ဝက၊် ဒီနေ့တစ်နေ့နဲ့ MC တစ်ရက်ခွဲယူ အိမ်မှာတစ်ယောက်တည်းတည်း ပျင်းပျင်းနဲ့အိပ်လိုက်၊ ဂိမ်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ အပျင်းရောဂါဖြစ်နေလိုက်တယ်။ အနော် ပြောသလို နေမကောင်းရင် အိမ်ကိုပိုလွမ်းတယ် နေကောင်းအောင်နေတဲ့ ဟုတ်တယ် တအိမ်လုံးမှာ တစ်ယောက်တည်းဆိုတော့ ပျင်းပြီးအိမ်ကိုပိုလွမ်းတယ်..
နေမကောင်းတဲ့အချိန်ဆို တစ်ယောက်တည်းအားငယ်သလိုလို ဘာလိုလို ညာလိုလို .. အိမ်မှာဆိုရင်တော့ မေမေ ကျောင်းမသွားခင် မေမေ့နားကပ်ပြီးဂျီကျလိုက် ချွဲလိုက်ပေါ့ (ဟာဟ ကလေးမဟုတ်တော့တဲ့ လူကြီးဆိုးကြီးလေ ) မေမေ နဲ့ မောင်လေး ကျောင်းသွားလို့ တစ်ယောက်တည်း ပျင်းလာရင်အောက်ထပ်ကိုဆင်း ချမ်ချမ်နဲ့ဆော့လိုက်၊ စကားတွေပြောလိုက်နဲ့ ...
အင်းးး ... ဒီစာကိုရေးနေရင်းတောင် သတိရလာပြန်ပြီ.. ချမ်ချမ့်ကိုလွမ်းလိုက်တာ... မေမေ၊ မောင်လေး နဲ့ အိမ်ကကျန်တဲ့မိသားစုကို သတိရလို့ ဖုန်းဆက်လိုက်ရင် အလွမ်းပြေပေမယ့် ချမ်ချမ့်ကိုသတိရရင်ဘယ်လိုလုပ်ရပါ့... ဖုန်းပြောခိုင်းလို့ကလဲမရ၊ မောင်လေးကတော့ အားပေးရှာပါတယ် ဖြူ့ချမ်ချမ်က သူ့ကလေးတွေနဲ့ပျော်နေတာတဲ့ ဖြူ့ကိုတောင်သတိမရဘူးတဲ့ ဘာပဲဖြစ်ဖြစ်ပေါ့နော် သူလဲလွမ်းချင်လွမ်းမှာပေါ့ ပြောလို့မရလို့နေမှာပေါ့ ( ကိုယ့်ကိုကိုယ်ဖြေသိမ့်တာပါ ) တခြားဘယ်သူ့ကိုလွမ်းသေးလဲဆိုတော့ လွမ်းတော့ဘူးကုန်ပြီ မလွမ်းလောက်တော့ဘူး ဟာဟ..
လူကနေမကောင်းဖြစ်ပြီး သောက်ရတဲ့ဆေး အရေအတွက်နဲ့ အကြိမ်တွေများပြီး ဂေါက်တောက်တောက် ဖြစ်နေတယ်။ နေ့လည်ကလဲ ဆေးသောက်ပြီး အိပ်လိုက်တာ အိမ်မက်ထဲမှာ ရိုလာကိုစတာစီးသလို တိမ်တွေထဲမှာပျံပြီး
ပင်လယ်တွေကိုလဲဖြတ်၊ ငှက်တွေပျံတာကို အပေါ်စီးကနေမြင်နေရတယ်။ လေတွေကလဲတိုက်လိုက်တာ။ အမြင့်ကြီးမှာရောက်နေတော့ လေတိုက်အားကလဲ တော်တော်ပြင်းတာ ။ သွားတဲ့နှုန်းကလဲမြန်တော့ လေတိုက်နှုန်းကပိုဆိုးတယ်။ တော်သေးတယ် ရုံးကအမက ရုံးဆင်းချိန် ဖုန်းဆက်ပြီး ဘယ်လိုနေသေးလဲ သက်သာလားဆိုပြီး ဖုန်းဆက်လို့ အမဖုန်းကြောင့်နိုးလာတာ အဲ့လိုသာမဟုတ်ရင် ဘယ်အထိပျံနေမလဲမသိဘူး တကယ်သာပျံသန်းခွင့်ရမယ်ဆိုရင် အိမ်အရောက်ပြန်လိုက်ချင်တယ် လေယာဉ်ခသက်သာတာပေါ့နော် ..

5 comments:

အနော် said...

ဖြူရေ သူငယ်ချင်းလေး
နေကောင်းအောင် ဆေးမှန်မှန်သောက်ရုံတင်မက
အစာပါ အားရှိအောင် စားပေးမှ သူငယ်ချင်းရဲ့
နို့မို့ရင် ဖြူ အားမရှိရင် အဲ့လိုမျိုး လေထဲမှာပျံနေသလို လူက ကတုန်ကယင်နဲ့ မူးနေလိမ့်မယ်
အဲ့တာဆို အပြင်ထွက်ရင် မူးလဲတာတွေ ဘာတွေဖြစ်တတ်တယ်
တော်သေးတာပေါ့ ဖုန်းဆက်လိုက်လို့ လေထဲကနေတော့ ပျံမသွားပါနဲ့ သူငယ်ချင်းရယ်
ပျံချင်ရင် လေယာဉ်နဲ့ပဲပြန်နော် :)
နေမြန်မြန်ကောင်းပါစေ မေတ္တာတွေနဲ့ ဆုတောင်းပေးလိုက်ပါတယ် ချစ်သူငယ်ချင်းလေးရေ

ဏီ(န်)ကင်း said...

ဟ ဟ အိပ်မက်ကလဲကောင်းပါ့ဗျာ။လေယာဉ်ခသက် သာမယ်ဆိုရင်မဆိုးပါဘူး။ဒါပေမယ့်တကယ်မဟုတ်ဘူးဆိုတဲ့ခံစားချက်ကြီးဝင်လာရင်ပိုဝမ်းနည်းသွားမှာပေါ့....ဂရုစိုက်အမရေ...ကျန်းမာခြင်းသည်လာဘ်တပါးပါပဲ..

မိုးခါး said...

ပျံချင်တာတော့ ပြောမနေနဲ့
း)

chocothazin said...

မ ရေ
ညလေးလာလည်တယ်။ နေမကောင်းဘူးဆို။
နေမကောင်းရင် မေမေစိတ်ပူနေမယ်လို့ သာ စဉ်းစားကြည့်လိုက်။ ကောင်းသွားလိမ့်မယ်။
ကော်ဖီပူပူလေးပို့ လိုက်မယ်လေ။ သောက်မယ်ဟုတ်။
အခုတလော ညလေးလည်း အွန်လိုင်းပေါ်ကိုမရောက်လို့ အခုမှရောက်ဖြစ်တယ်။
ကျန်းမာရေးကို ဂရုစိုက်ပါ။ အဖျားမရှိတော့ဘူးဆိုရင် အားဆေးလေးဘာလေးသောက်ဦး။ မူးလဲနေမှာဆိုးလို့ ပါ။
နောက်နေ့ မှထပ်လာခဲ့ဦးမယ်
တာ့တာ

ဖြူ said...

ဂရုတစိုက်နဲ့ စိတ်ပူပေးတဲ့ ဘလော့မောင်နှမတွေကြောင့် ရောဂါ တ၀က်သက်သာသွားပါပြီ.. ဒီနေ့လဲခွင့်ထပ်ယူထားတယ် .. မနက်ဖြန်မှ ရုံးပြန်တက်တော့မယ်နော်....