Wednesday, September 9, 2009

ဘ၀စစ်ပွဲ

ဘ၀စစ်မြေပြင်ထဲမှာ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
စစ်ပွဲတွေအခါခါဖြစ်နေကြတယ်...
ဖြစ်နေတာတွေကို ဓါးစာခံထားပြီး
ရုန်းကန်မှု လက်နက်နဲ့
မျှော်လင့်ခြင်းပန်းတိုင်အရောက်
တိုက်ယူနေကြလေရဲ့.....

စစ်ဆိုမှတော့
အနိုင် အရှုံး မထူးဆန်းဘူးလေ
စိတ်ဓါတ်ဆိုတဲ့ တပ်သားတွေကလဲ
တစ်ယောက်ကျရင် တစ်ယောက်တက်လို့
အားကြိုးမာန်တက် တိုက်ပွဲကိုဆင်နွှဲနေလေရဲ့

အနိုင်မခံအရှုံးမပေး
ပြီးဆုံးချိန် မသိသေးတဲ့
ဒီစစ်ပွဲအတွက်...
စိတ်ဓါတ်ဆိုတဲ့ တပ်သားလေးတွေ
အကျအဆုံးနဲစေဖို့
ဖြစ်သင့်တာ၊ ဖြစ်ချင်တာ နဲ့ ဖြစ်နေတာတွေ
သင့်မြတ်စေဖို့...
အကြိမ်ကြိမ်ဆုတောင်းရင်း....

4 comments:

အနော် said...

ဖြူရေ ဖြစ်သင့်တာ၊ ဖြစ်ချင်တာ နဲ့ ဖြစ်နေတာတွေကို
သင့်မြတ်အောင် ကြိုးစားရင်းနဲ့
ဘဝစစ်ပွဲကို တို့တွေ အနိုင်တိုက်နိုင်မှာပါ သူငယ်ချင်းရေ :)

chocothazin said...

တပ်သားစုဆောင်းရေးဌာနက ဆက်သွယ်ပါတယ်။ တပ်သားအင်အား လုံလောက်မှုရှိပါသလား။ အင်အားဖြည့်တင်းရန်လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်။ :)

Anonymous said...

ဘ၀ တိုက်ပွဲကို အောင်မြင်စွာ တိုက်နိုင်ပါစေဗျာ ..။

ခင်မင်စွာဖြင့်

မနောသား

လင်းကြယ်ဖြူ said...

စစ်ဆိုမှတော့
အနိုင် အရှုံး မထူးဆန်းဘူးလေ
စိတ်ဓါတ်ဆိုတဲ့ တပ်သားတွေကလဲ
တစ်ယောက်ကျရင် တစ်ယောက်တက်လို့
အားကြိုးမာန်တက် တိုက်ပွဲကိုဆင်နွှဲနေလေရဲ့...
စာသားလေးကို သဘောကျတယ်ခင်ဗျာ
ပျော်ပါစေ