Monday, June 29, 2009

အပေါစားယုံကြည်မှု



" အပေါစားယုံကြည်မှု"

ဘ၀တကွေ့မှာ

ခဏတွေ့တယ်ဆိုလဲ
ချစ်ချစ်ခင်ခင်နဲ့
တွေ့ဆုံကြုံကွဲတာ
အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်...

ယုံကြည်မှုဆိုတဲ့စကားလုံးက
သုံးလဲုးထဲဆိုပေမယ့်
အတိုင်းအတာ အတိမ်အနက်
မသိသူအတွက်တော့
အပေါစားတခါသုံးဘောလ်ပင်တစ်ချောင်းပေါ့...

အသိခေါက်ခက်အ၀င်နက်သတဲ့
လှလှပပစကားလုံးတွေနဲ့
အလိမ်ခံရမှန်းမသိပဲ
ကိုယ်ကလွဲပြီး ကိုယ့်ဒူးထက်ပိုယုံမိတာ
ငါဆိုတဲ့ကောင်ကအမှတ်မရှိတာထင်ပါတယ်..

ဘ၀တစ်ကွေ့တဲ့
ခဏတွေ့ပေမယ့်လဲ..
ယူတတ်ရင်သင်ခန်းစာမို့
ဘယ်လိုပဲပဲဖြစ်ဖြစ်..
အရာအားလုံးအတွက်
အစဉ်အမြဲကျေးဇူးတင်နေမှာပါ...

---->Phyu<----

1 comment:

ဏီ(န်)ကင်း said...

ကဗျာလေးကတွေးစရာလေးဗျ။
ဘာတွေစိတ်ညစ်နေလဲဟင်။

ဘ၀တစ်ကွေ့ထဲ
ခဏတွေ့ပေမယ့်လဲ
ကြုံသလိုမနေ၊ဖြစ်သလိုမလုပ်
အဟုတ်ပျော်အောင်နေ
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ...
နေတတ်ရင်ကျေနပ်စရာကောင်းသလို
ကျေနပ်ရင်လည်းနေစရာတွေပေါပါတယ်