ဒီနေ့မွေးနေ့လေးက မိသားစုနဲ့အတူတူရှိမနေပေမယ့် ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်။မွေးနေ့ရောက်တိုင်း ဖေဖေ မေမေ နဲ့ အတူတူ ရွှေတိဂုံဘုရား မရောက်ဖြစ်တာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိခဲ့ပြီ.. ဒါပေမယ့် ချစ်တဲ့သူငယ်ချင်းများရဲ့ နွေးထွေးခင်မင်မှုတွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။နောက်တခုက ဘလော့မှာပို့စ်တင်တာကို မသိပဲ ချက်ချင်းသင်ပြီး မွေးနေ့ဆုတောင်းပို့စ်တင်ပေးတဲ့ ချစ်မမကြီးကိုလဲ ကျေးဇူးတင်ပါတယ်...




မွေးနေ့အမှတ်တရ....
`ဆုတောင်း´
မိနစ်တိုင်း စက္ကန့်တိုင်း
ရွေ့လျားနေတဲ့အချိန်တွေရယ်
နိုးထလိုက် အိပ်မက်လိုက်
မပြီးဆုံးသေးတဲ့အနာဂတ်တွေရယ်
တောင့်တတိုင်းမပြည့်စုံသေးတဲ့
မျှော်လင့်ခြင်းမနက်ဖြန်တွေရယ်
ဟောင်းသွားလဲမမေ့နိုင်မယ့်
ပျှော်ရွှင်ခြင်းသံယောဇဉ်တွေရယ်
ဘယ်တော့မှမရိုးနိုင်မယ့်
အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေရယ်
လည်ပတ်နေတဲ့ကမ္ဘာနဲ့
ပြောင်းလဲနေတဲ့မတည်မြဲခြင်းတွေရယ်
အက်ကြောင်းထပ်နေတဲ့
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာလွန်ဆွဲခြင်းတွေရယ်
အရာရာကို ပျော်ရွှင်အောင်မြင်ခြင်းတွေနဲ့
ကျော်ဖြတ်လို့အနာဂတ်ခရီးကိုဆက်ချင်တယ်
--->Phyu<---

