Sunday, October 19, 2008

EASY VS. DIFFICULT

တတ်သလောက် မှတ်သလောက်လေးတွေ ရေးကြည့်တာပေါ့နော်.. အမှားပါရင်လဲခွင့်လွှတ်ပါလို့..
လောကမှာ ခက်ခဲတဲ့ အရာနဲ့ လွယ်ကူတဲ့အရာက အမြဲတမ်းဒွန်တွဲနေတာပါ.. ကဲကြည့်ရအောင် ဘယ်လိုလေးတွေလဲဆိုတာ..


တခြားသူတစ်ယောက်ရဲ့ အမှားကို အကဲဖြတ်ဖို့လွယ်ကူတယ်။
ကိုယ့်အမှားကိုသိကြောင်းပြောဖို့တော့ခက်ခဲပါတယ်။

အကြောင်းအရာတွေကို မစဉ်းစားပဲပြောဆိုဖို့ လွယ်ကူပါတယ်။
မပြောဆိုမိအောင် ရှောင်ကြဉ်ထိန်းသိမ်းဖို့ခက်ခဲပါတယ်

ကိုယ့်ကိုချစ်ခင်သူတွေကို နာကျင်စေဖို့ လွယ်ကူပါတယ်
ဒဏ်ရာတွေကို ကုသပေးဖို့တော့ခက်ခဲပါတယ်။

ခွင့်လွှတ်ဖို့လွယ်ကူပေမယ့်
ခွင့်လွှတ်ပါလို့ပြောဖို့ခက်ခဲပါတယ်။

စည်းကမ်းတွေကိုချမှတ်ဖို့ လွယ်ကူပေမယ့်
အဲ့ဒီစည်းကမ်းတွေကို လိုက်နာဖို့ခက်ခဲပါတယ်။

ညစဉ်ညတိုင်း အိမ်မက် မက်ဖို့လွယ်ကူပေမယ့်
အိမ်မက်တွေကို တိုက်ထုတ်ဖို့ ခက်ခဲပါတယ်။

အောင်မြင်မှုကိုပြသဖို့လွယ်ကူပေမယ့်
ရှုံးနိမ့်ခြင်းကို သိက္ခာရှိရှိ တာဝန်ယူဖို့ ခက်ခဲပါတယ်။

ပြည့်နေတဲ့လကို ချီးမွမ်းပြောဆိုဖို့လွယ်ကူပါတယ်..
တခြားအရာတွေကိုတော့ မြင်နိုင်ဖို့ခက်ခဲပါတယ်
(ကိုယ့်ထက်ပြည့်ဝသူတွေကိုမြင်နိုင်ပြီး ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို မြင်ဖို့ခက်ခဲပါတယ်)

လဲကျဖို့အတွက်လွယ်ကူပေမယ့်
ပြန်လည်ထူထောင်ဖို့အတွက်ခက်ခဲပါတယ်

နေ့တိုင်းပျော်ရွှင်ဖို့လွယ်ကူပေမယ့်
စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်ဖို့ခက်ခဲပါတယ်

ကတိပေးဖို့လွယ်ကူပေမယ့်
ကတိတည်အောင်စောင့်ထိန်းနိုင်ဖို့ခက်ခဲပါတယ်

အချစ်အကြောင်းပြောဖို့လွယ်ကူပေမယ့်
ကိုယ်ချစ်ကြောင်းပြသဖို့ခက်ခဲပါတယ်

တခြားသူတွေကိုအပြစ်ရှာဖို့လွယ်ကူပေမယ့်
မိမိကိုယ်ကို တိုးတက်အောင်လုပ်ဖို့ခက်ခဲပါတယ်။

အမှားလုပ်မိဖို့လွယ်ကူပေမယ့်
အမှားတွေကနေသင်ယူတတ်ဖို့ခက်ခဲပါတယ်

ဆုံးရှုံးသွားတဲ့အချစ်အတွက်ငိုကြွေးဖို့လွယ်ကူပေမယ့်
ဆုံးရှုံးမှုမရှိအောင် ဂရုစိုက်ဖို့တော့ခက်ခဲပါတယ်

တိုးတက်မှုအတွက်စဉ်းစားဖို့လွယ်ကူပေမယ့်
တွေးတောမှုကိုရပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ခက်ခဲပါတယ်

တခြားသူတယောက်ရဲ့ အဆိုးကိုတွေးဖို့လွယ်ကူပေမယ့်
သံသယ၏ အကျိုးခံစားခွင့်ပေးဖို့ခက်ခဲပါတယ်။

ရယူဖို့လွယ်ကူပေမယ့်
ပေးဆပ်ဖို့ခက်ခဲပါတယ်

ဒီစာတွေကိုဖတ်ဖို့လွယ်ကူပေမယ့်
လိုက်နာဖို့ခက်ခဲပါတယ်

ခင်မင်မှုကိုစကားလုံးတွေနဲ့ပြသဖို့လွယ်ကူပေမယ့်
အဓိပ္ပါယ်ပြည့်ဝတဲ့ ခင်မင်မှုဖြစ်အောင်ထိန်းသိမ်းထားဖို့တော့ခက်ခဲပါတယ်

မူရင်းကတော့ ဒီမှာ ပါ

No comments: