Sunday, July 12, 2009

ပျောက်ဆုံးနေတဲ့... ကဗျာ..



ရင်ထဲမှာအပြည့်ရှိပြီး
လက်တွေ့မှာပျောက်ဆုံးနေတဲ့.....

အနီးဆုံးလို့ပြောပြီး
အဝေးဆုံးကိုပြေးထွက်နေတဲ့...
ယုံကြည်မှုတွေပုံအပ်ထားပြီး

လှဲ့စားမှုတွေအပြည့်နဲ့...

ပွင့်လင်းတယ်ပြောပြီး
ဝှက်ဖဲတစ်ချပ်ရှိနေတတ်တဲ့...

အမြဲရယ်မောနေတတ်ပြီး
မျက်ဝန်းမှာမျက်ရည်ဝဲနေတတ်တဲ့...
လူတွေကိုပျော်ရွှင်အောင်ဖန်တီးတတ်ပြီး

ရင်ထဲမှာငိုနေတတ်တဲ့...

ပြည့်စုံအောင်ဖန်တီးပေးပြီး
အဖြည့်ခံဖြစ်နေတတ်တဲ့...

ကြိုးအထပ်ထပ်ချည်နှောင်ခံရပြီး

ပျောက်ဆုံးနေတဲ့... ကဗျာ..


----->Phyu<-----

4 comments:

Herry hein said...

sacrifice yap...it is a kind of
sacrifice in this tactful human lives.!
We must find it back all the lost in oneday..(:-p

ဏီ(န်)ကင်း said...

မင်းနဲ့တူတဲ့ကဗျာလေးကိုယခုဖတ်လို့ပြီးသွားတယ်။

chocothazin said...

မ' ရေ
ညလေး
ကဗျာလာဖတ်တယ်နော်။

yangonthar said...

ကဗျာ ဆိုတာ ဘဝပေါ့ နော် ဇာတ်ခုံပေါ်က မင်းသမီးလေးတစ်ယောက် လိုပေါ့ ........ ကဗျာတွေအများကြီးရေးနိုင်ပါစေ အေးမြသာယာပါစေ ....