Sunday, February 21, 2010

သူငယ်ချင်း


နင့်ရင်ခုန်သံတွေကို ရင်ဖွင့်ဖို့
ငါ့ဖုန်းလေးကို အမြဲဖွင့်ထားမယ်
နင်စိတ်ညစ်ရင် ဖြေသိမ့်ဖို့
ဟာသလေးတွေစုထားမယ်
နင်အားငယ်နေရင် အားပေးဖို့
ယုံကြည်ချက်တွေ ကိုယ်စီသိကြမယ်
နင်ဝမ်းနည်းရင် ငိုကြွေးဖို့
င့ါပခုံးတစ်ဘက် နင့်အတွက် အမြဲအသင့်ရှိမယ်။

ယုံကြည်ရာကို ရွက်လွှင့်
အနေဝေးလဲ ငါတို့တွေက
အမြဲထာဝရ သူငယ်ချင်းပဲလေ
နင့်ခံစားချက်တွေမျှဝေဖို့
ငါ့အတွက်အချိန်မလိုပါဘူး
နင်လိုရင် အဆင်သင့်
သူငယ်ချင်းဆိုတဲ့ အသိနဲ့တင်
နင့်အတွက် အမြဲအဆင်သင့်ပါ။

*၂၀၀၅ ခုနှစ်တည်းက ခံစားချက်မှန်သမျှ အပြန်အလှန် ရင်ဖွင့်ခဲ့ကြတဲ့ အခင်ဆုံးသူငယ်ချင်း အတွက် အမှတ်တရ *

5 comments:

လေးညှို့ရှင် said...

အားငယ်နေတဲ့အခါ…
နှစ်သိမ့်..ဖေးမ…
စိတ်ဓါတ်တွေ တက်ကြွစေခဲ့တဲ့သူ……။

ဆုံးဖြတ်ရခက်တဲ့
အခြေအနေတွေကြုံတိုင်းလဲ..
ဖြစ်သင့်တာကို ညွှန်ပြ..
မိတ်ဆွေကောင်း ပီသခဲ့တဲ့သူ……..။

တစ်ယောက်ဘေးမှာ တစ်ယောက်ရပ်လို့…..
တစ်ယောက်အခက်အခဲ တစ်ယောက်ဖြေရှင်း….
နင်နဲ့..ငါ…
အမြဲတမ်းအတွက်…ထာဝရ သူငယ်ချင်းနော်…..။

လင်းကြယ်ဖြူ said...

သူငယ်ချင်းဆိုတာ မိတ်ဆွေ ဆိုထက် စကားလုံးထက်
ပိုမို လင်းလက်ပါတယ်..မျက်မှန်းနမ်းမိရုံ ရင်းနှီးရုံ..မေးထူးခေါ်ပြောရှိရုံက တော့ မိတ်ဆွေဆိုပါတော့...
သူငယ်ချင်း ဆိုတာကတော့..
ရင်ဘတ်တူတယ်...ခံစားပေးတယ်..နားလည် နိုင်တယ်.ဆိုးတူကောင်းတူနေပေးတယ်..နှလုံးသား ချင်းက လည်း စည်းဝါးမှန်မှန် နဲ့ ခင်မင်ခြင်း Rhythm ကို ပေါ့ပေါ့ ပါးပါးတီးခတ်ပေးတတ်သေးတယ်...ဒါဆို ရင် တော့ ..မိတ်ဆွေ ထက်ပိုတဲ့.. ... .. "သူငယ်ချင်း"ပေါ့နော..
ပျော်ပါစေ
*.*.*

အနော် said...

ဖြူရေ ဖြူ့ရဲ့သူငယ်ချင်းကဗျာလေးကို ဖတ်ရင်း အနော့်ရဲ့ သူငယ်ချင်းလေးတွေကိုလဲ သတိရမိတယ်
အတွေးထဲမှာတောင် ပြန်တွေးတိုင်း အမြဲစိတ်ကြည်နူးမှုကိုပဲ ပေးခဲ့တာ သူငယ်ချင်းပါပဲ ဖြူရေ

မျက်မှန်လေး said...

ဖြူရေ။။။ သူငယ်ချင်းကဗျာလေးကို လာခံစားသွားပါတယ်နော်။

လင့်ခ်လည်း တစ်ခါတည်းယူသွားတယ်နော။

ကိုလူထွေး said...

စိတ်ညစ်ရင် ဖြေသိမ့်ဖို့
ဟာသတချို့ စုထားမယ်... ဆိုလို့
ဟာသတွေ လိုက်ရှာတာလေ
BE နဲ့ တိုးနေတယ်...
ပုလင်းနဲ့စီးပွားရှာတာ ဆိုဗျ...

(သူငယ်ချင်း ခံယူချက်ကိုတော့ သဘောကျတယ်)

းဝ)