
ဘာကြောင့်လဲ.....
အမေးခက်လို့
မမေးတော့တာပါ။
ဘာအတွက်လဲ....
ခံစားရခက်လို့
ရေငုံနှုတ်ပိတ်ခဲ့တာပါ။
ဘယ်တော့လဲ....
အဖြေခက်မှာစိုးလို့
မမေးရက်တာပါ။
ဘာကြောင့်.....
ဘာအတွက်.....
ဘယ်တော့ပဲဖြစ်ဖြစ်
ပြန်လာမယ်ဆို အချိန်မရွေး
ငါ့ရင်ထဲက မင်းအတွက်နေရာ
အရင်အတိုင်း ရှိမြဲ ရှိဆဲပါ။
*** Dont think too much :P , This's just For My Lovely Fri ***
No comments:
Post a Comment