Sunday, August 23, 2009

"....... စေချင် ......."

"....... စေချင် ......."

`သူကအရမ်းချစ်ခဲ့တာ´လို့
ပြောတတ်တဲ့ မင်းစကားတွေကို
ပုံပြင်တစ်ပုဒ်လို့
ငါမယူဆခဲ့ပါဘူး .....

`သူကအရမ်းဂရုစိုက်တတ်တာ´လို့
ရေရွတ်တတ်တဲ့ မင်းစကားတွေကို
ယုံတမ်းစကားတွေလို့
ငါမထင်ခဲ့ပါဘူး .....

`သူ့ကိုသတိရလိုက်တာ´လို့
တိုးတိုးလေးငြီးတတ်တဲ့ မင်းကိုလည်း
မေ့ပြစ်လိုက်လို့
ငါပြောမထွက်ခဲ့ဘူး .....

`သူ့အကြောင်းတွေသိချင်တယ်´လို့
စုံစမ်းတတ်တဲ့ မင်းကိုလည်း
မလိုအပ်တော့ဘူးလို့
ငါမတားရက်ခဲ့ဘူး .....

`သူ့ကိုချစ်နေဆဲ´လို့
ပြောတတ်တဲ့ မင်းကို
ထားရက်နိုင်သူကိုတော့
မလွမ်းစေချင်တော့ဘူး .....


(ဖုန်ခါခြင်းဖြစ်ပါတယ် .... ကဗျာအဟောင်းလေးပါ.. သိပ်တော့မကြာသေးပါဘူး razz ၂၀၀၄ ခုနှစ်က သူငယ်ချင်းတစ်ယောက် အကြောင်းရေးထားတာပါ။ မှတ်မှတ်ရရ ဒီနေ့ (၂၃.၀၈.၀၉) က သူရဲ့မွေးနေ့ဖြစ်နေပါတယ်.. )

2 comments:

ဏီ(န်)ကင်း said...

ကျွန်တော့်ချစ်သူလေးအကြောင်းကိုတည့်တည့်ရေးထားသလားအောက်မေ့ရတယ်အမရယ်။သူလဲဒီလိုမျိုးခံစားခဲ့ဖူးမှာပါ။အဲဒါမို့လို့သူ့ကိုပိုဂရုစိုက်ဖို့၊ပိုကြင်နာဖို့ဆုံးဖြတ်ထားတယ်ဗျ။သူ့ကိုလာပြီးပေးဖတ်ဦးမှ

မိုးခါး said...

နောက်မကျသေးဘူး
မွေးနေ့ဆုတောင်းမှီသေးတယ်
မဖြူရဲ့သူငယ်ချင်းလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ