Wednesday, August 26, 2009

For 26 August 2009

pika17ဒီနေ့မွေးနေ့လေးက မိသားစုနဲ့အတူတူရှိမနေပေမယ့် ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်။မွေးနေ့ရောက်တိုင်း ဖေဖေ မေမေ နဲ့ အတူတူ ရွှေတိဂုံဘုရား မရောက်ဖြစ်တာ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိခဲ့ပြီ.. ဒါပေမယ့် ချစ်တဲ့သူငယ်ချင်းများရဲ့ နွေးထွေးခင်မင်မှုတွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။နောက်တခုက ဘလော့မှာပို့စ်တင်တာကို မသိပဲ ချက်ချင်းသင်ပြီး မွေးနေ့ဆုတောင်းပို့စ်တင်ပေးတဲ့ ချစ်မမကြီးကိုလဲ ကျေးဇူးတင်ပါတယ်...
pika21pika21pika21pika21pika21
မွေးနေ့အမှတ်တရ....
`ဆုတောင်း´

မိနစ်တိုင်း စက္ကန့်တိုင်း
ရွေ့လျားနေတဲ့အချိန်တွေရယ်

နိုးထလိုက် အိပ်မက်လိုက်
မပြီးဆုံးသေးတဲ့အနာဂတ်တွေရယ်

တောင့်တတိုင်းမပြည့်စုံသေးတဲ့
မျှော်လင့်ခြင်းမနက်ဖြန်တွေရယ်

ဟောင်းသွားလဲမမေ့နိုင်မယ့်
ပျှော်ရွှင်ခြင်းသံယောဇဉ်တွေရယ်

ဘယ်တော့မှမရိုးနိုင်မယ့်
အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေရယ်

လည်ပတ်နေတဲ့ကမ္ဘာနဲ့
ပြောင်းလဲနေတဲ့မတည်မြဲခြင်းတွေရယ်

အက်ကြောင်းထပ်နေတဲ့
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာလွန်ဆွဲခြင်းတွေရယ်

အရာရာကို ပျော်ရွှင်အောင်မြင်ခြင်းတွေနဲ့
ကျော်ဖြတ်လို့အနာဂတ်ခရီးကိုဆက်ချင်တယ်

--->Phyu<---

5 comments:

အနော် said...

သူငယ်ချင်းလေး ဖြူရဲ့ မွေးနေ့လေးမှာ
ဖြူတစ်ယောက် ချစ်တဲ့ မိသားစုနဲ့ထပ်တူ ပျော်ရွှင်ပါစေ
နောက်နှစ် နောက်နှစ်တွေမှာ မိသားစုနဲ့အတူတူဖူးချင်တဲ့
ရွှေတိဂုံဘုရားကို ဖူးခွင့်ကြုံပါစေ
ချစ်သော မမကြီးနဲ့အတူ စိတ်ချမ်းသာ ပျော်ရွှင်ပါစေနော်

ဏီ(န်)ကင်း said...

လာလာကြည့်ဖြစ်ပါတယ်။အချိန်ရေစက်ကိုလေ။ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့သူကလဲအဲဒိအချိန်ပြန်ရောက်မှာမို့လို့ပါ။ဘာရယ်တော့မဟုတ်ဘူးတိုက်ဆိုင်တာပေါ့။မတိုက်ဆိုင်တာကတော့အခုထိသူပြန်ရောက်မလာသေးတာပဲ။မဖြူအဆင်ပြေပါစေဗျာ။နောက်နှစ်မှာမိသားစုနဲ့အတူရွှေတိဂုံစေတီအတူတူသွားတဲ့မွေးနေဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

moekhar said...

ဖြူရေ
ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ
ပျော်ရွှင်ဖွယ် နေ့ရက်ပေါင်း များစွာ ပိုင်ဆိုင်ပါစေး)

Acacia said...

Happy Birthday ပါ ဖြူ... ချစ်တဲ့သူတွေနဲ့ မွေးနေ့ကို နှစ်တိုင်း ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပနိုင်ပါစေ..
ဖြစ်ချင်တာရယ်.. ဖြစ်သင့်တာရယ်.. ဖြစ်နေတာရယ် တထပ်တည်းဖြစ်ပါစေ ဖြူရေ..


Acacia

ဖြူ said...

မွေးနေ့ဆုတောင်းပေးကြသော ချစ်သော ဘလော့မောင်နှမများကို ကျေးဇူးတင်ပါတယ်... :)