Sunday, April 11, 2010

ဖြူ့ ရဲ့ သူ !!!

သူ

ခရီးလမ်းတစ်ခုကိုလျှောက်ရင်း

မိုင်တိုင်များရဲ့အစမှာပဲ

အမှတ်တမဲ့တွေ့ခဲ့... သူ။


မှတ်မှတ်ထင်ထင်နဲ့

ခလုတ်မတိုက်မိပါပဲ

ရင်ခုန်သံတိုင်းမှာ
သတိတရရှိခဲ့... သူ။


အပြန်အလှန် ရင်းနှီး

ယုံကြည်မျှော်လင့်ချင်းတွေဖလှယ်ရင်း
ပြောစကားတိုင်းမှာ

အရေးပါခဲ့... သူ


ကာရံတွေထဲမှာအဖြေညှိ
ခံစားချက်ချင်းလဲ
ထပ်တူကြမိ... သူ။


လက်တွေ့ဆန်တဲ့ချစ်ခြင်းထက်
စိတ်ကူးယဉ်အိပ်မက်တွေကို
နှစ်သက်ရင်ခုန်တတ်.. သူ။

ကဗျာတွေကိုချစ်ပြီး

စိတ်ကူးကောင်းလေးတွေနဲ့

ရေးစပ်တတ်... သူ။

ယုံကြည်ချက်တွေနဲ့
ရှေ့ဆက်
မမက်ခဲ့ဘူးတဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်နေ...သူ။

ဝါသနာဆိုတာတွေကို စွန့်လွှတ်
မျှော်လင့်ချက်တစ်ခုအတွက်
စိတ်ဓါတ်ပြင်းထန်နေ... သူ။

အနာဂတ်မှာ
နွေးထွေးတဲ့မိသားစုတစ်ခုနဲ့
ပိုင်ဆိုင်ထားမဲ့အိမ်လေးမှာ
ဘ၀ကို အေးအေးချမ်းချမ်း
ဖြတ်သန်းချင်... သူ။

သူ...
ဖြူ ချစ်တဲ့.. သူ



( 12 April တွင် မွေးဖွားသော ဖြူ့ရဲ့ ရင်နှီးချစ်ခင်ရသော ချစ်သူငယ်ချင်းလေ အနော့် အတွက် အမှတ်တရလေးတစ်ခုပါ။ )




2 comments:

အနော် said...

ဖြူရေ အနော်လျှောက်ခဲ့တဲ့ လမ်းမရဲ့ မိုင်တိုင်အမှတ် ၂၆ မှာ မှတ်မှတ်ရရ အနော့်အတွက် မွေးနေ့ဆုတောင်းကဗျာလေးကို ရေးပေးလို့ ကျေးဇူးတင်တယ်ဆိုတာထက်ကို မေတ္တာတရားကို ခံစားရလို့ ပိုပျော်မိတယ်...
ကျေးဇူးပါ ချစ်တဲ့ဖြူရယ်

littlebrook said...

ပျော်ရွှင်ပါစေကွယ် ... အနော်လေးကော မွေးနေ့ဆုတောင်းပေးတဲ့ ဖြူကော