Thursday, August 26, 2010

မွေးနေ့လက်ဆောင်...

ဒီနေ့ကတော့ ဘလော့ပိုင်ရှင်ရဲ့မွေးနေ့ပါ... ( ဟိ .. မသိမှားစိုးလို့ ကိုယ့်ဘာသာကိုယ်ပြန်ကြော်ငြာတာ ) ကိုယ့်မွေးနေ့ဆိုတော့လဲ မှတ်မှတ်ရရရှိအောင်ဆိုပြီး ပို့စ်တင်မယ်ဆိုပြိး အားခဲသော်ငြားလဲ ရွှေဥာဏ်တော်က မထွက်လာပါဘူး.. မွေးနေ့အမှီဘာကဗျာမှလဲမရေးဖြစ်ပါဘူး.. ဖြူ မရေးဖြစ်ပေမယ့် .. အချစ်ဆုံးသူငယ်ချင်း လေးညှို့ရှင်ကတော့ ဖြူ့အတွက်မွေးနေ့လက်ဆောင် ကဗျာလေးပို့ပေးပါတယ်.. သူငယ်ချင်းရေးပေးတဲ့ ကဗျာနဲ့ သူငယ်ချင်းလုပ်ပေးတဲ့ပုံနဲ့ မူရင်းအတိုင်း ပြန်လည်ဖောက်သည်ချပြီးတော့ မွေးနေ့အမှတ်တရပို့စ်တင်လိုက်ပါတယ်....
အမှတ်တရလက်ဆောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်းရေ...... မွ...စ်

4 comments:

kka said...

ချစ်စွာသော ဘလော့ပိုင်ရှင်၏ မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်ချမ်းမြေ့သောမွေးနေပေါင်းများစွာကိုပိုင်ဆိုင်နိုင်ပါစေ . . . . . .

ဟန်နာ said...

မဖြူရေ...
ပျော်ရွှင်သော မွေးနေ့ လေးဖြစ်ပါစေနော်...
လိုရာဆန္ဒပြည့်ဝပြီး နောက်နှစ်ပေါင်း ၁၀၀ထိ တိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘ၀ ကိုဖြတ်သန်းနိုင်ပါစေရှင်

အနော် said...

ပျော်ရွှင်ကြည်နူးဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေ ချစ်ရေ.. ဘဝမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေနော်.. ဘဝမှာ မျှော်မှန်းထားတဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေနဲ့ ပြည့်ဝပါစေ..ချစ်တဲ့ဖြူရေ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ - ဖြူ
ပျော်ရွှင်သောမွေးနေ့ များစါာကိုဖြတ်သန်းနိုင်ပါစေဗျာ-
စာေဲကွးတွေအများကြီးဖတ်သွားတယ်-
သတိရလျက်
ဂျစ်တူး(မုံရွာ)