Sunday, May 24, 2009

Becauce I Love u.


`..... မင်းကို .....´

ငါ့နှလုံးသားကိုစတေး

သွေးစိမ်းရှင်ရှင်ထွက်နေတာတောင်

မချစ်ဘူးလို့များ မင်းထင်နေသလား…….။


ငါ့နှလုံးသားကိုသော့ပိတ်

မင်းကိုမေ့ဖို့ကြိုးစားတိုင်း

ရင်ထဲမှာတဆစ်ဆစ်နာ
ငါ့အလွမ်းညတွေရှည်လွန်းနေတာ
မင်းသိနိုင်ပါ့မလား……။

ငါ့အိမ်မက်တိုင်းမှာတောင်

လွမ်းစိတ်နဲ့တမ်းတတိုင်း
အယောင်ယောင်အမှားမှား

မင်းနာမည်ကိုတမိတတ်တာ

မင်းသိနိုင်ပါ့မလား……….။


အရူးတစ်ယောက်လို
မင်းအသံကိုမျှော်လင့်မိတိုင်း

ယောင်ရမ်းနှိပ်မိတတ်တဲ့
မင်းဖုန်းနံပါတ်တွေ

အကြိမ်ကြိမ်ပြန်ဖျက်
ငါ့စိတ်တွေထိန်းချုပ်ရခက်တာ

မင်းသိနိုင်ပါ့မလား…….။

မင်းအကြောင်းတွေးမိတိုင်း
ယိုင်နဲ့နေတဲ့င့ါရပ်တည်မှုတွေ
ကြိုးစားတိုင်းအကြိမ်ကြိမ်ပြိုလဲ
င့ါအတွက်ခံနိုင်ရည်ရှိဖို့ ခက်ခဲလွန်းနေတာ
မင်းသိနိုင်ပါ့မလား…….။


---> PHYU <---

No comments: