Sunday, May 24, 2009

သူငယ်ချင်းသို့ ........

`ရင်ထဲကသူငယ်ချင်း´

နင်တစ်ခွန်း ငါတစ်ခွန်း
ရယ်မောစရာတွေပြောရင်း
ငါတို့တွေ ပျော်မြူးခဲ့တယ်…
ဝမ်းနည်းအားငယ်ချိန်တိုင်းလဲ
အတူတူဝေမျှခံစား
ငါတို့တွေ ခံစားချက်ချင်းဖလှယ်ခဲ့တယ်
စိတ်ညစ်တိုင်းအစဉ်အားပေး
ငါတို့တွေညီမရင်းပမာချစ်ခဲ့တယ်…
အပြုံးတုတွေနဲ့ ပြည့်နေတဲ့
ဒီလောကကြီးမှာ
ငါတို့ ကလေးတွေလိုဖြူစင်ခဲ့တယ်…
မုန်တိုင်းတပြန် လေပြည်တလှဲ့
ရှင်သန်ရမယ့် အနာဂတ်မှာ
တွေဆုံကြုံကွဲ ဖြစ်မြဲတွေအကြောင်း
မမောမပန်းသင်ပေးခဲ့တယ်...
မိဝေး.. ဖဝေး..အိမ်အဝေးမှာ…
အနာဂတ်တွေလှပအောင်ဖန်တီး
အောင်မြင်မှုပန်းတိုင်အရောက်

ငါတို့တွေရှေ့ဆက်လျှောက်ရအုံးမယ်…

---> PHYU <---

5 comments:

♥ Acacia ♥ said...

ဟုတ်တယ်.. လူတွေက အပြုံးတုတွေ ဟန်ဆောင်မှုတွေနဲ့ အစစ်အမှန်တွေ ရနေဆဲ ဆိုတော့ ပျော်စရာပဲ

လေးညှို့ရှင် said...

ပျော်ပျော်ပါးပါး...
ခံစားအတူ...
သူပျော်ရင်.. ကိုယ်လဲပျော်....
ိသူငိုရင်... ကိုယ်လဲငို ...
အဖော်မင်တဲ့ သူငယ်ချင်း...
နှလုံးသားချင်း ဆက်ထားမယ်..... တဲ့


ဂျစ်ရေ... ဖုန်းမဆက်ရတာကြာတော့... ဟိုး အရင်ကအချိန်တွေကို အရမ်းလွမ်းတယ်...

ဖြူ said...

ယုရေ.. အစစ်အမှန်ဆိုတာ တကယ်ကိုရှားပါးတယ်.. အိမ်နဲ့ဝေး ကိုယ့်မြေကိုယ့်ရေနဲ့ဝေးလေ ပိုသိသိလာလေပဲ.. ကိုယ့်သူငယ်ချင်းတွေနဲ့ ပျှော်ရွှင်အောင်နေမှပဲ စိတ်သက်သာရာရတာလေ အဲ့လိုမှမဟုတ်ရင်လဲ..........

ဖြူ said...

ဂျစ်တယ်ရင်းဂျီး ... နာလဲ သတိရပါတယ်ဟာ.. နင်လဲ ကွန်နက်ရှင်အစုတ်ဘ၀ကနေ မြန်မြန်လွတ်ပါစေ :P

libratun said...

သူငယ်ချင်းတွေ စိတ်ညစ်စရာတွေကို အမြဲတမ်း အတူတူ ဆက်ပြီး ပြောင်းပြန်လှန်နိုင်ကြပါစေ။