Saturday, May 2, 2009

Mayday.. အမှတ်တရ




တနေ့က Jurong East MRT ကနေ IMM ကို လမ်းလျှောက်ရင်း ကြားခဲ့ရတဲ့စကားလေးတစ်ခွန်းပါ
`.......... က ပြောတယ်...ဟန်းဖုန်းကို ခလောက်နဲ့တူတယ်တဲ့.. ဘယ်နေရာသွားသွားအသံမြည်နေလို့တဲ့... ´ သူပြောတော့လဲ ဟုတ်သလိုလိုပေါ့... ကိုယ့်ရဲ့ခလောက်လေးကတော့ တနှစ်ပြည့်ဖို့ တစ်ရက်လိုတဲ့အချိန်မှာ service center ကို ပို့လိုက်ရတယ် သူ့ခမျာသနားပါတယ် မရပ်မနားအလုပ်လုပ်နေရတာလေ... ပင်ပန်းလွန်းလို့ call & back ခလုတ်လေးက ဖုန်းကိုယ်ထည်နဲ့ကွာသွားလေရဲ့ စိတ်ညစ်ညစ်နဲ့ဆိုင်ကိုသွားပြတာ အဲ့ဒီဖုန်းအမျိုးအစားက အဲ့ဒီလိုခလုတ်လေးတွေ ကွာနေကြထင်ပါရဲ့ သြော်ခလုတ်ကွာတာလားဆိုပြီး ဘောင်ချာကိုသဲကြီးမဲကြီးကုန်းရုံးရေးပြီး ဖုန်းကိုယူထားလိုက်လေရဲ့ ဖုန်းနံပါတ်မှတ်ချိန်မရ ဖုန်းထဲကဒေတာတွေသိမ်းချိန်မရပဲ ကိုယ့်ခလောက်လေးကိုထားခဲ့ရတော့တယ်
ဟဲဟဲ.. ၃ ရက်လောက်တော့ ကိုယ့်ခလောက်လေး အသံတိတ်နေအုံးမယ်....

1 comment:

chocothazin said...

တူလိုက်တာနော် တို့ လည်းဖုန်းပျက်လို့ သွားရဦးမယ်။